Ole Gunnar Solskjaer က Man United ကို လူငယ်ကစားသမားတွေနဲ့ ဖြည့်ဆည်းနေတာကိုတွေ့ရပါတယ်။ ကြည့်ရတာ မန်ယူလူငယ်ကစားသမားတွေထဲမှာ ပင်ကိုစွမ်းရည်တွေ ရှိတဲ့သူနဲ့ မန်နေဂျာလို့ခေါ်ရလောက်အောက် ကစားနိုင်တဲ့ သူတွေရှိနေတယ်လို့ ထင်ရတယ်ခဗျ။ ဗုဒ္ဓဟူးနေ့တုန်းက မန်ယူဟာ ဒူဘိုင်းမှာ နောက်ဆုံးလေ့ကျင့်ခန်းဆင်းတဲ့နေ့အနေနဲ့ ပုံတစ်ပုံကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ အဲပုံထဲမှာဆိုလျှင် ဂိုးသမားဖြစ်တဲ့ David de Gea သာလျျှင် အသက်၂၃နှစ်ထက် ကြီးတဲ့ကစားသမားတစ်ယောက်သာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေက အသက်၂၃နှစ်အောက် လူငယ်ကစားသမားတွေသာဖြစ်ပါတယ်။

ပုံထဲမှာဆိုရင်တော့ဖြင့် Marcus Rashford, 21, Scott McTominay, 22, Diogo Dalot, 19 နဲ့ Andreas Pereira, 23 တို့ပါဝင်ကာ ကျန်တဲ့လူငယ်ကစားသမားတွေကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုနဲ့ Solskjaer ကိုယ်တိုင်စိတ်ဝင်စားနေတဲ့ James Garner, 17, Angel Gomes, 18, Mason Greenwood, 17 နဲ့ Tahith Chong, 19 တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ မော်ရင်ဟို လက်အောက်မှာ ခုလိုနေရာပေးချင်မခံခဲ့ရပါဘူး။ လူငယ်ကစားသမားတွေဟာလည်း နည်းပြ အုပ်ချုပ်မှုကို ဒီထက်ပိုပြီမျှော်လင့်နေကြပါတယ်။ ဘာလို့လဲဆိုတော့ Solskjaer က Sir Alex Ferguson ရဲ့ ၉၂ခုနှစ်က ထိပ်တန်းအသင်းဖြစ်တဲ့ Ryan Giggs, David Beckham, Paul Scholes, Nicky Butt and Gary နဲ့ Phil Neville တို့နှင့် ကစားဖူလိုပဲဖြစ်ပါတယ်။

" ခုလို ဒူဘိုင်းမှာလာပြီ လေ့ကျင့်ခန်းဆင်တာ တော်တော်ကောင်းတယ်ခဗျ.....ဒီလိုလေ့ကျင်မှုမျိုးတွေကို အိမ်မှာ လုပ်လို့မရဘူးလေ " ဆိုပြီ Carrick ကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး " ကျွန်တော်တို့ ဒီမှာဆို မတူညီတဲ့ပုံစံတွေနဲ့ လေ့ကျင့်ခန်းဆင်းလို့ရတယ်ဗျာ... အိမ်ကွင်းမှာဆင်းရင် ချမ်းကချမ်းနဲ့ အလကားသက်သက် အချိန်မကုန်ချင်ဘူးလေ....အဲ့တော့ ကျွန်တော်တို့ ဒီမှာလေ့ကျင့်ခန်းကို ကြိုးုကြိုးစားစား ဆင်းကြတယ်...တချို့အချိန်တွေမှာ ပေါ့ပေါ့ပါးပါး စကြနောက်ကြတယ်...ပြီးတော့ ကျွန်တော်တို့ ခုလာမဲ့ Sunday ပွဲအတွက်လဲ ကြိုးစားနေကြပါတယ်...ဒီမှာ လေ့ကျင့်ခန်းဆင်းရတာ တော်တော်ကောင်းတယ်ခဗျ " ဆိုပြီး မန်ယူကစားသမားဟောင်း Carrick ကပြောကြားခဲ့ပါတယ်။

Source : Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။