ပရိသတ်ကြီး ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ် မင်းသားပိုင်တံခွန်ကတော့ ချောမောခန့်ညားတဲ့ international အရပ်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ရင်ခုန်ချင်စရာကြွက်သားအဖုအထစ်တွေနဲ့အတူ ကျောအပြည့် တက်တူးလ် တွေရှိတာကြောင့်မိန်းကလေးပရိသတ်အများရဲ့ အလည်မှာ အောင်မြင်ကျော်ကြားရေပန်းစားနေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းသိပြည်သိ နာမည်ကျော် လူချောလေးတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်။  

လတ်တလောမှာတော့ ပိုင်တံခွန်က မြန်မာပြည်အနှံ့ခရီးထွက်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ပဲဖြစ်ပါတယ်။ သွားတက်ပါတဲ့ ပိုင်တံခွန်ဟာဆိုရင် သူရယ်လိုက်ပြီဆို မိန်းကလေးအများစုရဲ့ရင်ကို လှုပ်ခတ်သွားစေတာပဲဖြစ်ပါတယ်။ အနုပညာရှင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေစွာ ဆက်ဆံပြောဆိုတတ်သူဖြစ်ပြီး အပြစ်ကင်းတဲ့ မျက်နှာကိုပေါ်လွင်စေပါတယ်။ လက်ရှိမှာ ကြော်ငြာအမျိုးမျိုးကို လက်ခံရိုက်ကူးထားရတာဖြစ်ပြီး Wedding Show ၊ Fashion Showတွေမှာ ထိပ်တန်းမော်ဒယ်တစ်ယောက် အနေနဲ့ အနုပညာလုပ်ငန်းကို လျှောက်လှမ်းနေတာလည်းဖြစ်ပါတယ်။ MTV သီချင်းတွေမှာလည်း ပါဝင်ရိုက်ကူးလာတာကိုပရိသတ်ကြီးအနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မိန်းကလေးပရိသတ်အားပေးခြင်းကိုအထူးခံရတဲ့ ပိုင်တံခွန်ဟာဆိုရင် လူငယ်တစ်ယောက်လို ပေါ့ပါးလွတ်လပ်စွာ စစနောက်နောက်နဲ့ ပျော်ပျော်ရွှင်ရွင်နေတက်သူလည်းဖြစ်ပါတယ်။ ဆံပင်အရှည်လေးနဲ့ ခပ်မိုက်မိုက်လေးဖြစ်နေတဲ့ ပိုင်တံခွန်ဟာဆိုရင် သူရဲ့ လွန်မှုကွန်ယက် facebook ပေါ်တွင် သူရဲ့ smart ကျလှပသော ပုံရိပ်တွေကို မိန်းကလေးပရိသတ်တွေအတွက် ထက်မံ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ယောကျာ်းပီသသော အမိုက်စားပုံရိပ်တွေကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

source Paing TaKhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။