ပရိတ်သတ်ကြီးရေ ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Lဆိုင်းဇီကတော့ အနုပညာမျိုးရိုးကဆင်းသက်လာသူဖြစ်လို့ အနုပညာကို ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဆိုင်းဇီက တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီး အသံချိုချိုလေးနဲ့ သူမသီဆိုခဲ့တဲ့သီချင်းမှန်သမျှ ပရိတ်သတ်ရဲ့ရင်ကို တိုက်ရိုက်ထိမှန်လို့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှု့တွေကိုရရှိခဲ့ပါတယ်။

Lဆိုင်းဇီက တိုင်းရင်းသူလေးတစ်ယောက်ဖြစ်လို့ စိတ်သဘောထားဖြူစင်ရိုးသာသူတစ်ယောက်ဖြစ်ပါတယ်။တစ်ခေတ်တစ်ခါတည်းက သီချင်းတွေကို အသံချိုချိုလေးနဲ့သီဆိုခဲ့တဲ့သူမက ယခုချိန်ထိလည်း အသံပါဝါက မကျသွားသေးပါဘူးနော်။ဆိုင်းဇီရဲ့ ဟန်ပန်အမူအရာအပြောအဆိုလေးတွေကလည်း ချစ်စရာကောင်းပြီး မိန်းကလေးဆန်တဲ့ သီချင်းလေးတွေကိုသာ သီဆိုခဲ့တဲ့ မိန်းကလေးတွေရဲ့ အသည်းစွဲ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

ဆိုင်းဇီက အခုဆိုရင် ပွဲတွေကိုလိုက်ပြီး သီချင်းတွေဆိုနေသလို ပွဲတွေကိုလည်း လက်ခံတက်ရောက်ပေးနေပြီး အနုပညာလှုပ်ရှားမှု့တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေပါတယ်။ဒီဇိုင်းကာလာနဲ့ပတ်သက်ပြီး အမြဲလန်းနေတဲ့ သူမက ယခုဆိုရင် ခပ်မိုက်မိုက်ဒီဇိုင်းလေးကိုဝတ်ပြီး Gangster ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံကို ဖမ်းထားပေမယ့် ဖိနပ်လေးကတော့ ရိုးရိုးလေးသာဝတ်ဆင်ထားတာမို့ ဖိနပ်လေးကိုတော့မမြင်ချင်ယောင်ဆောင်ပေးပါ ဆိုပြီး ပရိတ်သတ်တွေကို ကြိုပြီးပြောပြထားပါတယ်။သူမရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:La Zum Seng Z

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။