ပရိသတ်တွေရဲ့ အသည်းကျော်အနပညာရှင်ကြီး ခင်လှိုင်ကတော့ အောင်မြင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပြီး စွယ်စုံရပြည်သူချစ် ဟာသသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။   

ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောကိဖြစ်တဲ့ ခင်လှိုင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ခင်လှိုင်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ မကြာခင်မှာ မွေးနေ့ကျရောက်တော့မှာပဲဖြစ်ပါတယ်။ သူမကတော့ မွေးနေ့မကျရောက်ခင် မွေးနေ့လက်ဆောင် ရရှိနေတာကြောင့် အပျော်ကြီး ပျော်နေခဲ့ပါတယ်။

ယနေ့မှာတော့သဇင်ထူးမြင့်ဟာ မပူဆာပဲ ရုတ်တရက်ရရှိခဲ့တဲ့ ဖေဖေမေမေမေတိုရဲ့ surpriseလေးကြောင့် အပျော်ကြီးပျော်နေခဲ့ပါတယ်။ ဖေဖေမေမေတို့ကတော့ သမီးလေးအတွက် ဗီဒိုနဲ့ ဆင်တူတဲ့ ကုတင်လေးကို လက်ဆောင်ရရှိခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိဘတွေဆီက လက်ဆောင်ရရှိခဲ့တဲ့ ခင်လှိုင်သမီးလေးရဲ့ ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source: သဇင်ထူးမြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။