ဆူဒန်နိုင်ငံအတွင်းမှာဆိုရင်လည်း ထိုင်းနိုင်ငံနည်းတူ နိုင်ငံအတွင်း ဆန္ဒပြပွဲတွေဖြစ်ပေါ်နေပါတယ်။

၎င်းဆန္ဒပြပွဲတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အခြားသောစီးပွားရေး အခက်အခဲတွေကို မကျေနပ်တာကနေစတင်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ထဲက စတင်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ 

၎င်းဆန္ဒပြပွဲစတင်ထဲက လက်ရှိအချိန်ထိဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၁၉ ဦးတောင်သေဆုံးခဲ့ပြီးပြီပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ၎င်းဆန္ဒပြသူတွေဟာ လွပ်လပ်ရေး ၊ ငြိမ်းချမ်းရေး ၊တရားမျှတမှုန့ တော်လှန်ရေးဟာ ပြည့်သူ့ရွေးချယမှုလို့ ဟစ်ကြွေးပြီး ချီတက်ဆန္ဒပြခဲ့ကြပါသေးတယ်။

၎င်းဆန္ဒပြလူအုပ်ကြီးကတော့ လူပေါင်းရာနဲ့ချီပါဝင်သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးရော ကျည်အစစ်တွေပါ အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်လို့သိရပါတယ်။

ဒါ့အပြင် ဆန္ဒပြလူပေါင်း ၈၀၀ ကျော်ကိုလည်း ထိန်းသိမ်းထားခဲ့ရတယ်လို့သိရပါတယ်။

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။