ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကတော့ ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး နောက်ထပ်နိုင်ငံတစ်ခုကို ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

ယင်လပ်ဟာ လက်ရှိအချိန်က ရာထူူးကအနားယူခဲ့ပြီဖြစ်ပေမယ့် သူမဟာ ဘတ်သန်းပေါင်းထောင်နဲ့ချီတဲ့ ဆန်စပါး အမတော်ကြွေးငွေတွေကို အလွဲသုံးစားလုပ်တဲ့ကိစ္စနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရသူပဲဖြစ်ပါတယ်။ 

သို့ပေမယ့် သူမဟာ အပြစ်ဒဏ်ကိုမခံယူဘဲ နိုင်ငံခြားကို တိမ်းရှောင်နေတာပဲဖြစ်ပါတယ်။

အခုဆိုရင်လည်း သူမဟာ ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်နဲ့ တတိယနိုင်ငံတစ်ခုကို ထွက်ခွာခဲ့ပြီဖြစ်သလို ၎င်းနိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီးတော့လည်း ဟောင်ကောင်ရှိ P.T. Corporation ကုမ္ပဏီတခုကိုလည်း မှတ်ပုံတင်ခဲ့သေးတယ်လို့သိရပါတယ်။  

ဒါ့အပြင်၎င်းကုမ္ပဏီဟာ Tsim Sha Tsui တိုက် ၆၆ လွှာ အခန်းအမှတ် K11 Atelier မှာ တည်ရှိတယ်လို့လည်း သိရပါတယ်။  

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။