ပရိတ်သတ်ကြီးရေ ပုရိသတွေ အသည်းစွဲဖြစ်နေတဲ့ ပန်းရောင်ခြယ်ကတော့ အရမ်းအဆိုကောင်းတဲ့ ဂရေဟန်ရဲ့ သမီးကြီးလေးပဲဖြစ်ပါတယ်။ပန်းရောင်ခြယ်က အဖေနည်းတူပဲ အသံချိုချိုလေးတွေနဲ့ သီချင်းလေးတွေကို သီဆိုကာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ကြော်ငြာတွေမှာလည်း ပန်းရောင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တွေ့ရပြီး ဆံနွယ်အရှည်ကြီးနဲ့ အရမ်းလှတဲ့ ကော်ပတ်အရုပ်မလေးလိုပါပဲနော်။

ပန်းရောင်က အနေအေးကာ တည်ငြိမ်စွာနေတတ်သူတစ်ယောက်ဖြစ်လို့ မျက်နှာလေးကပါ အေးချမ်းပြီးကြည်လင်နေတာပဲဖြစ်ပါတယ်။ပန်းရောင်က ပညာရေးပိုင်းလည်း ထူးချွန်သလို အနုပညာလည်း စန်းပါသူတစ်ယောက်ဖြစ်လို့ အချိန်တိုလေးအတွင်းကို ပရိတ်သတ်တွေရဲ့ ချစ်ခင်မှု့တွေကို ရရှိလာတာပဲဖြစ်ပါတယ်။မိသားစုနဲ့လည်း ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သမီးအလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။

ပန်းရောင်ခြယ်က အခုနောက်ပိုင်းမှာ ပွဲတွေတက် ကြော်ငြာတွေ လက်ခံရိုက်ကူးပြီး photo shooting တွေလည်း လက်ခံရိုက်ကူးနေပါတယ်။ပန်းရောင်က ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ဒီဇိုင်းဘယ်လိုပြောင်းပြောင်း အရမ်းကို ချစ်စရာကောင်းနေတာပါနော်။အခုဆိုလည်း မဂ္ဂဇင်းတစ်ခုအတွက် ရိုက်ပေးနေတဲ့ ဓာတ်ပုံလေးတွေက အရမ်းကို ချစ်စရာကောင်းလို့ ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။

Source:Pan Yaung Chel/Myanmar People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။