Floyd Mayweather ဟာဆိုရင် Los Angeles မှာယှင်ပြိုင်ကစားမဲ့ပွဲကိုကြည့်ရန် သွားပြီးနောက်မှာ သူရဲ့သာမန်ထက် ပိုမိုထူးခြားနေတဲ့ဘဝကို ပြသခဲ့ပါတယ်။ ရှုံးပွဲမရှိတဲ့ Mayweather ဟာဆိုရင် ခုချိန်မှာ အသက် ၄၁နှစ်ရှိပြီ ဖြစ်ပြီး ဂျပန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဒေါ်လာ၉သန်းရရှိခဲ့ပြီး အင်္ဂါနေ့မှာ သူဘယ်လိုသူံခဲ့တယ်ဆိုတာကို Instagram ကနေ document အဖြစ်ပြသခဲ့ပါတယ်။ အစပိုင်းနှာတော့ သူဟာ Les Vegas က သူရဲ့အိမ်ကနေစတင်ခဲ့ပါတယ်။

" ဒီနေ့မှာမင်းတို့ကို ငါရဲ့ကမ္ဘာထဲကိုခေါ်သွားမယ်...မင်းတို့အားလုံးကို တနေကုန် ငါခေါ်သွားမှာ....အားလုံး ငါနောက်လိုက်ခဲ့ကြပါ " ဆိုပြီးစတင်ခဲ့ပါတယ်။ ပေါင်၅၅၀တန်ဖိုးရှိ အပြာရောင် Versace sweatshirt ကိုဝတ်ဆင်ကာ သူအိမ်မှထွက်လာပြီး ပေါင်၂၅၀၀၀၀ တန် Rolls-Royce Cullinan ကားပေါ်ကိုတက်ခဲ့ပါတယ်။ အဲ့ကားရဲ့ထူးခြားချက်က ခရီးသည်ပိတ်စရာမလိုပဲ အလိုလိုပိတ်တာပဲဖြစ်ပါတယ်။ အဲ့နောက်မှာတော့ သူဟာကားကိုမောင်လားပြီး သူရဲ့လေယာဉ်စောင့်နေတဲ့ လေဆိပ်ကိုမောင်းခဲ့ပါတယ်။

လေဆိပ်ကိုရောက်တဲ့အခါမှာ TBE (The Best Ever) ဆိုတဲ့အခင်းကိုခင်းပြီး လေယာဉ်ပေါ်တက်ခဲ့ပါတယ်။ လေယာဉ်ရဲ့ Logo ကလဲ TMT (The Money Team) ဆိုတဲ့ logo ချယ်ထားပါတယ်။ ထို့နောက် LA ကိုရောက်ခဲ့ပါတယ်...သူဟာလေယာဉ်ပေါ်ကဆင်းပြီးတာနဲ့ နောက်ထပ် နောက်ဆုံးပေါ် ကားတစ်စီးပေါ်တက်ခဲ့ကာ ပြိုင်ပွဲကျင်းပရာ Staples Center ကိုသွားရောက်ခဲ့ပါတယ်။ပေါင်၁၄၅၀၀၀တန် Patek Philippe နာရီကိုဝတ်ဆင်ထားကာ သူကိုယ်ပေါ်က အခြားအသုံးအဆောင်တွေ ပေါင်းလိုက်မယ်ဆိုရင် ဒေါ်လာသန်း၈၀၀လောက်ရှိပါတယ်။ အဲ့ပွဲကို သူရဲ့ပြိုင်ဘက်ဖြစ်တဲ့ Manny Pacquiao လဲတက်ရောက်ခဲ့ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။