ယခုအချိန်မှာတော့ ဆောင်းရာသီကို ရောက်ရှိလာပြီဖြစ်လို့ အမျိုးသမီးတွေအတွက် အရမ်းကို ဆိုးရွားတဲ့ ရာသီတစ်ခုပဲ ဖြစ်ပါတယ်။ ဆောင်းရာသီမှာဆိုရင် အသားအရေ ခြောက်သွေ့ပျက်စီးမှုတွေကြောင့် ယခင်အချိန်တွေထက် အသားအရေကို ပိုပြီး ဂရုစိုက်ရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အသားအရေတွေထဲကမှ နူးညံဆုံးဖြစ်တဲ့ နှုတ်ခမ်းတွေကတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ ဂရုစိုက်သင့်တဲ့ အရာပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဆောင်းလေအေးတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ နှုတ်ခမ်းခြောက်သွေ့ပျက်စီးမှုတွေကို ဘယ်လို ကာကွယ်ရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ပထမဆုံးအနေနဲ့ကတော့ လူတော်တော်များမာျးလုပ်လေ့ရှိတဲ့ နှုတ်ခမ်းကို လျှာနဲ့ လျက်တာပါ။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့လျက်လိုက်ခြင်းက ခြောက်သွေ့တာကို မပျောက်ကင်းစေတဲ့ အပြင်ကို ပိုပြီးတော့ နှုတ်ခမ်းတွေကို ပျက်စီးစေနိုင်လို့ လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

(၂) အရေပြားကုထုံးအဆီကို အခြေခံပြီးထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီလေးတွေကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ အမျိုးသမီးအများစုက နေ့စဉ် နှုတ်ခမ်းနီနဲ့ အထိအတွေ့ပိုများတာကြောင့် နှုတ်ခမ်းကို ခြောက်သွေ့ပြီးမဲစေမယ့် နှုတ်ခမ်းနီတွေအစား essential oils နဲ့ glycerin တို့ပါဝင်တဲ့ နှုတ်ခမ်းနီတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

(၃) ပရုတ်၊ ယူကလစ်ဆီ တို့လို ဆေးတွေပါဝင်တဲ့ နှုတ်ခမ်းနီတွေက နှုတ်ခမ်းကို ပိုပြီးခြောက်သွေ့ပျက်စီးစေတဲ့ အပြင် ပိုပြီးဆိုးရွားတာတွေကို ဖြစ်ပွားစေနိုင်လို့ ထိုနှုတ်ခမ်းနီတွေကို ရှောင်ကျဉ် သင့်ပါတယ်။

(၄) နောက်တစ်ခုကတော့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးတွေကို လက်နဲ့ပဲ ဖြစ်ဖြစ် သွားနဲ့ပဲဖြစ်ဖြစ် ကိုက်ဖဲ့တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ နှုတ်ခမ်းမှာ အရေပြားက အလွှာပါးတာကြောင့် အလွယ်တကူထိခိုက်လွယ်လို့ ပွတ်တိုက်တာမျိုးတွေ ကုတ်ဖဲ့တာမျိုးတွေကို မလုပ်သင့်ပါဘူး။

(၅) နှုတ်ခမ်းတွေ သာမန်ထက်ပိုပြီးခြောက်သွေ့အက်ကွဲမှုတွေဖြစ်လာပြီ ဆိုရင်တော့ မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာပြီး သေသေချာချာ ဂရုစိုက်ကုသသင့်ပါတယ်။ အလှအပဆိုင်ရာကျန်းမာရေး အသိပေးတဲ့ သူတစ်ဦး နဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

(၆) နောက်ဆုံးတစ်ချက်ကတော့ ညဘက်မှာ နှုတ်ခမ်းနီအဆီလေးကို ဆိုးပြီး အိပ်စက်ပေးဖို့ပါ။ အလှဆီနဲ့ ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီအဆီက ခြောက်သွေ့အက်ကွဲမှုတွေကို မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်လို့ ပရိသတ်တွေ စမ်းကြည့်သင့်ပါတယ်။

ယခုဖော်ပြပေးသွားတာကတော့ ဆောင်းတွင်းမှာ နှုတ်ခမ်းလေးတွေက ခြောက်သွေ့အက်ကွဲတာတွေကို မဖြစ်ပွားအောင် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးသွားတာပါ။ အေးမြတဲ့ ဆောင်းရာသီလေးမှာ ကျန်းမာပျော်ရွှင်သော ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:health.clevelandclinic.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။