ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် နာမည်ကျော်အနုပညာရှင်တွေကို ပြောရမယ်ဆိုရင်တော့ ကျော်ကျော်ဗိုလ်နဲ့ ခင်လှိုင်တို့ကိုတော့ ချန်ထားလို့ မရပါဘူးနော်..။

ကျော်ကျော်ဗိုလ်နဲ့ ခင်လှိုင်တို့ ပရိသတ်အချစ်တော်တွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ သရုပ်ဆောင်ထားကြသလို မကြာခင်ရုံတင်ပြတော့မယ့် “ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်..။

ကျော်ကျော်ဗိုလ်နဲ့ ခင်လှိုင်တို့နှစ်ယောက်ကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ဟောက်စား”ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အရွှန်းဖောက်ထားကာ ရယ်စရာဟာသ ဗီဒီယိုလေးတစ်ခုနဲ့အတူ ပရိသတ်တွေကို သတိပေးရင်း ရယ်မောအောင်လုပ်လိုက်ပါတယ်နော်..။

“ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မနက်ဖြန် ဇန်နဝါရီ(၁၁)ရက်နေ့မှာ စတင်ရုံတင်ပြသတော့မယ့် အကြောင်းလေးကို နှစ်ယောက် အရွှန်းဖောက်ပြီး ပရိသတ်တွေကို လက်တို့သတိပေးလိုက်တာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကို ရယ်အောင်လည်းလုပ်နိုင်သလို ငိုအောင်လည်းလုပ်နိုင်တဲ့ အနုပညာရှင်တွေပီပီ ဟာသလေးနှောပြီး ဇာတ်ကားလေးရုံတင်တော့မယ့်အကြောင်း ပရိသတ်တွေကို သတိပေးလိုက်တာတဲ့ အခွီဗီဒီယိုလေးကိုလည်း အားလုံးက သဘောကျနေကြပါတယ်နော်..။

ပရိသတ်တွေတဝါးဝါးတဟားဟားရယ်မောရမယ့် “ဟောက်စား” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာပြည်သိန်းသီဟရိုက်ကူးပုံဖော်ထားပြီး မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ အိချောပို၊ ခင်လှိုင်၊ ဂျိုကာ၊ k ညီ၊ တက္ကသိုလ်ဂွမ်းပုံနဲ့ အနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားကြတာမို့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာမို့ လက်မှတ်လေးတွေ အပြေးလေးဝယ်ပြီး သွားရောက်အားပေးလိုက်ရအောင်နော်..။

Photo - ဟောက်စားရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။