ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ Hip Hop သီချင်းကောင်းလေးတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေရရှိထားပြီး အောင်မြင်နေတဲ့ အနုပညာရှင်ကတော့ အဆိုတော်လွှမ်းပိုင်ပါပဲ..။

ဂီတလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေကို သိမ်းပိုက်ထားသလို သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတဲ့ အဆိုတော်သရုပ်ဆောင် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အဆိုတော် သရုပ်ဆောင်မင်းသားချော လွှမ်းပိုင်ကတော့ မြန်မာပြည်သူပရိသတ်တွေအပြင် ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ဂီတသက်တမ်းတစ်လျှောက် တစ်ကိုယ်တော် Album တွေပါ ထွက်ရှိထားတဲ့ လွှမ်းပိုင်ရဲ့ “မာလကီယား” သီချင်းလေးဟာလည်း ထိုင်းနိုင်ငံရဲ့ Tik Tok အသုံးပြုသူ ပရိသတ်တွေကြား ဝက်ဝက်ကွဲအောင် နာမည်ကြီး ရေပန်းစားနေတာလည်း တွေ့ရပါတယ်..။

လွှမ်းပိုင်ကတော့ ထိုင်းနိုင်ငံ Tik Tok အသုံးပြုသူတွေကြား သူ့ရဲ့သီချင်းလေး အခုလို လူကြိုက်များရေပန်းစားနေတဲ့အတွက် အံ့သြဝမ်းသာပြီး ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်..။

“ကျွှန်တော်ဖန်တီးထားသောသီချင်းယခုလို

ထိုင်းနိုင်ငံသား Tiktok Users တွေအထိခရီးရောက်သွားတာ ဝမ်းသာ

လို့မဆုံးပါ..” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါသေးတယ်..။

Photo - လွှမ်းပိုင်၊ 7th Sense Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။