ပရိတ်သတ်ကြီးရေ... ကမ္ဘာကြီးမှာယုံကြည်ရခက်တဲ့ အရာတွေဆိုတာက အမြဲတမ်းကိုရှိနေပါနော်။ထူးခြားမှုတွေကလည်း အချိန်မရွေး နေရာမရွေးဘဲ လူပုံအလယ်မှာလည်းထဖြစ်နိုင်တဲ့ အရာတွေပါ။ တခါတလေမှာဆိုရင် သိပ္ပံပညာနဲ့တောင်ရှင်းပြလို့ မရတဲ့ အဖြစ်အပျက်တွေက ဒုနဲ့ဒေးရှိနေပါတယ်နော်။အခုဒီတစ်ခါမှာတော့ Youtubeမှာအရမ်းကို ရေပန်းစားနေတဲ့ ထူးထူးဆန်းဆန်းဗီဒီယိုတစ်ခုနဲ့ပတ်သတ်ပြီးပြောပြချင်တာပါ။

တရုတ်နိုင်ငံမှာရှိတဲ့ မီးပွိုင့်တစ်ခုအနီးမှာကားတွေ ဆိုင်ကယ်တွေနဲ့ လူတွေ ဖြတ်သွားဖြတ်လာလုပ်နေကြပါတယ်။ မီးပွိုင့်မိလို့ရပ်တဲ့ကားကလည်းရပ်နဲ့ပေါ့ဗျာ။ အဲ့ဒီအချိန်မှာ စူပါစလွန်း ကားတစ်စီးဟာ မီးပွိုင့်နားရောက်လို့အရှိန်လျော့ပြီးတဖြည်းဖြည်းချင်လာနေပါတယ်။ မီးပွိုင့်လူကူးမြင်းကျားနားလည်းရောက်ကော ရုတ်တရတ် တစ်စီးလုံး လေပေါ်ကို ကို့ယို့ကားယား မြောက်တက်ကာ ပြုတ်ကျပြီးတိမ်းမှောက်သွားခဲ့ပါတယ်။ သူတင်မဟုတ်ပါဘူး သူ့ဘေးနဲ့မှာရပ်နေတဲ့ လိုက်ထွက်စ် တစ်စီးနဲ့ ဆန့်ကျင်ဘက်မီးပွိုင့်ကနေဖြတ်ကူးလာတဲ့ တက္ကစီကားတစ်စီးတို့ဟာလည်းဖင်ထောင်ပြီး ခေတ္တခဏမြောက်တက်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကထူးဆန်းလွန်းလို့ ကြောက်လန့်ပြီး လမ်းကူးတဲ့သူတွေတောင်မကူးရဲဘဲ ထွက်ပြေးခဲ့ကြပါတယ်။ ရဲတွေကတော့ အနားမှာရှိတဲ့ သံမဏ်ဝိုင်ယာကြိုးကို ခိုက်မိလို့ မှောက်တာလို့ ပုံနဲ့တကွပြောပေမယ့် သူ့ရှေ့ကသွားတဲ့ကားတွေလည်းဘာမှမဖြစ်သလို ဆိုင်ကယ်သမားတွေလည်းဘာမှမဖြစ်တဲ့အတွက် videoကြည့်တဲ့သူတွေအကုန်ဘယ်သူမှမယုံရေးချမယုံခဲ့ကြပါဘူး။ သူ့ကားတင်မဟုတ်ဘဲ ကားသုံးစီးလုံးဖြစ်ခဲ့တာဖြစ်ပြီး ရဲတွေပါဝင်ရောက်ဖြေရှင်းခဲ့ကြတဲ့ကိစ္စဖြစ်တဲ့အတွက် video edition ကတော့လုံးဝမဟုတ်ပါဘူးနော်။ ကဲပါ... ထူးဆန်းလားမထူးဆန်းလားဆိုတာ ပရိတ်သတ်ကြီးပဲကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါအုန်းနော်။ 

Source : vorply

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။