ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပျားပြီးသူတစ်ယောက်အဖြစ် ကမ္ဘာပေါ်တွင်စ့ချိန်ချိုးခဲ့ခြင်းပဲဖြစ်ပါတယ်။ ထိုသူကတော့ ပျားမွေးမြူရေးလုပ်ကိုင်သူဖြစ်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့မှာ နေထိုင်သူဖြစ်တဲ့ ရှီပင်းဆိုသူပင်ဖြစ်ပါတယ်။ ထိုသူဟာ သူရဲ့ ခန္ဓာကိုယ်ပေါ်တွင်ပျားတွေကို ဖုံးအုပ်ပြီး ကမ္ဘာ့စံချိန်ကို ချိုးဖောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ထိုသူဟာကမ္ဘာ့စံချိန်ကိုချိုးဖောက်နိုင်ရန်အတွက် သူ့ကိုယ်ပေါ်မှာ အလေးချိန် ကီလိုဂရမ် ၃၃.၁ ရှိတဲ့ ပျားတွေကို တစ်ကိုယ်လုံး အနှံ့ဖုံးအုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ ပျားကောင်ရေကတော့ ပျမ်းမျှခြေ ၃သိန်း၃သောင်း၁ထောင်ရှိတယ်လို့ဆိုပါတယ်။ ပရိသတ်ကြီးရေ တစ်ကယ့်ကို ကြက်သီးထစရာ လူသားပဲဖြစ်ပါတယ်နော်။  

ရှီပင်းဟာဆိုရင် အရင်၂၀၀၈ခုနှစ်က ပျားပြီသူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ဖူးတဲ့ ရုအန်းလိုင်မင်း ဆိုသူရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထိုသူရဲ့ ကိုယ်ပေါ်အနှံ့မှာ ဖုံးအုပ်လွှမ်းခြုံထားတဲ့ ပျားအလေးချိန်ဟာဆိုရင်တော့ ၂၆.၈ ကီလိုဂရမ်ပဲဖြစ်ပါတယ်။ တစ်ကယ့်ကို အံ့ဖွယ် ထူးခြားတဲ့လူတွေလို့ပြောရင်မှားမယ်မထင်ပါဖူးနော်။ ပရိသတ်ကြီးအတွက် ကမ္ဘာတစ်လွှမ်းက ထူးခြားအံ့သြဖွယ် သတင်းထူးများကိုပုံရိပ်တွေနဲ့ တကွ မျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်နော်။

source Gunniess World Records

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။