ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ကတော့ သူမရဲ့သမီးကြီး အသက်(၁၄)နှစ်ပြည့် မွေးနေ့လေးအတွက် အမှတ်တရတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်..။

သမီးကြီးဖြစ်တဲ့ ဆုနဒီမောင်ရဲ့ (၁၄)နှစ်ပြည့် မွေးနေ့လေးမှာ မျက်ရည်လည်လောက်အောင် မိခင်မေတ္တာတွေပြည့်နှက်နေတဲ့ ဆုံးမစကားလေးတွေနဲ့ သမီးလေးအတွက် မွေးဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်..။

သမီးလေးရဲ့ ငယ်စဉ်ဘဝ အမှတ်တရလေးတွေကို သတိတရနဲ့ ပုံဖော်ပြောပြရင်း လိမ္မာပြီး မိဘစကားနားထောင်တဲ့ သမီးလေးဟာ သူမနဲ့အမြဲနှစ်ယောက်တည်းပဲနေလို့ လူကြောက်တတ်ပေမယ့် အခုအချိန်မှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အပျိုမလေးတစ်ယောက်ဖြစ်နေတဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။

ဒါ့အပြင် အမှတ်တရတွေများစွာနဲ့ ဆုံးမစကားလေးပြောပြီး မွေးနေ့ဆုတောင်းပေးထားတဲ့ မိခင်မေတ္တာတွေ ပြည့်နှက်နေတဲ့ စမိုင်းလ်ရဲ့ သမီးလေးအတွက် မွေးနေ့ဆုတောင်းလေးကတော့ တကယ်ကို ကြည်နူးပီတိဖြစ်စရာပါပဲ..။

"Happy Birthday Portia

သမီးကြီး ငယ်ငယ်ထဲကလိမ္မာပြီးအမေ့စကားနားထောင်တဲ့သမီး

ကလေးထိန်းမရှိအကူမရှိတဲ့ဘဝ ဒယ်ဒီအလုပ်တွေအများကြီးလုပ်ပြီးပိုက်ဆံရှာနေတဲ့အချိန် သမီးနဲ့မာမီနှစ်ယောက်တည်းတစ်ကမ္ဘာနေရတယ်..

ရေချိုး ထမင်းဟင်းချက်တာကအစသမီးကိုချီထားရတယ်. နောက်ဆုံးအိမ်သာတက်ရင်တောင်သမီးလေးတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ချီပြီးတင်ထားတယ်..

မေမေနဲ့သမီးအမြဲနှစ်ယောက်တည်းနေရလို့ လူကြားသွားရင်မနေတတ်အမြဲငိုတဲ့ကလေး ငါ့သမီးလေးကိုလူတွေတော့မချစ်တော့ပါဘူးဆိုပြီးအမြဲဝမ်းနည်းရတယ်..

လူကြောက်ပြီးဘယ်သူနောက်ကိုမှမလိုက်လို့ ဘယ်သူကမှလည်းမချီတော့ မေမေကငိုလိုက်ရတာ မေ့သမီးလေးတွေလူတွေမချစ်လို့..

ဆံပင်ကလည်းနဖူးပြောင်ပြီးဘေးမှာဆံပင်တွေမရှိလို့အသက်ကြီးရင်ဒုက္ခပါပဲဆိုပြီးစိတ်ညစ်ရသေးတယ်

အခုတော့မဲမဲအဲလေမေ့မေ့သဲလေးက အရမ်းချောပြီး လူလည်းမကြောက်တော့ပဲ confidence အပြည့်ရှိတဲ့အပျိုမလေးဖြစ်လာပြီ..

ကောင်လေးတွေကလည်းကြိုက်လာပြီ သမီးလေးကရိုးလို့စိတ်ပူရတယ် အချစ်ဆိုတာစမ်းချင်တဲ့အရွယ်မို့မတားပေမဲ့ မေမေတို့ကသမီးထက်အဆပေါင်းများစွာနားလည်လို့ မေမေပြောတာတွေကိုသမီးနားထောင်ရမယ် သမီးကိုစိတ်ရင်းနဲ့တကယ်ကြင်နာမဲ့သူကိုသမီးကြည့်တတ်ရမယ်.. မေမေနဲ့ daddy ရဲ့စကားကိုနားထောင်ပြီးလိမ္မာရမယ်နော်

Happy 14th Birthday to my beautiful princess.." ဆိုပြီး မျက်ရည်လည်လောက်အောင် မွေးနေ့ဆုတောင်းစကားလေး ပြောပေးထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။