ဝေဖန်မှုတွေ ပြင်းထန်နေတဲ့ ပြေတီဦးနဲ့ ကစ်တို့ရဲ့ အကယ်ဒမီ အတင်းအဖျင်းသတင်း

မတ်လ ၁၈ ရက်နေ့ မနက်ဖြန်ဆိုရင်ဖြင့် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီး ကိုကျင်းပတော့မှာဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကြီးကိုတော့ ရွှေတိဂုံစေတီတော်ကို နောက်ခံထားပြီး ပြည့်သူ့ရင်ပြင်မှာ မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာကျင်းပသွားမှာဖြစ်ပြီး ယခုနှစ်အကယ်ဒမီဟာ ယခင်နှစ်တွေထက် အားပြိုင်ပြင်းထန်နေပါတယ်တယ်။

အထူးသဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် အပြိုင်ဖြစ်နေပြီး ထိုအနုပညာရှင်နှစ်ဦးကလည်း ဇာတ်ကားတစ်ကားတည်းနဲ့ အကယ်ဒမီအပြိုင်ဖြစ်လို့နေပါတယ်။ ဝတ္ထုမှာကတည်းက ပရိသတ်အားပေးမှု အပြည့်အဝရရှိထားပြီး ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့စဉ်မှာလည်း ရုံပြည့်ရုံလျှံ စံချိန်လွန်အောင် ပရိသတ်အားပေးမှု မြောက်မြားခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ အကယ်ဒမီ သက်မွန်မြင့် နှင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သတ်ပြီး နှစ်ယောက်လုံးကို အကယ်ဒမီမှန်းထားကြပေမယ့် ပြသနာကတော့ ဘယ်သူကဇာတ်ဆောင် ဘယ်သူကဇာတ်ပို့ ဆိုတဲ့ ပြသနာပါ။ တကယ်တမ်းကျ ဒီဇာတ်ကားမှာ နှစ်ယောက်စလုံးကို ဇာတ်ဆောင်အဖြစ်သာ စဉ်းစားထားပြီး Myanmar Film Academy ကတင်ပေးတဲ့ အကယ်ဒမီအကဲဖြတ်မှာလည်း အမျိုးသမီးဇာတ်ဆောင် ဆုအဖြစ်သာ ခန့်မှန်းပြောဆိုထားပါတယ်။

အစတည်းက နှစ်ဖက်ပရိသတ်ကြား အချင်းများစရာကိစ္စဟာ ယနေ့မနက်ပိုင်းမှာ ပြန့်နှံ့လာတဲ့ Video File ကြောင့် မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလို့နေပါတယ်။

မကြာခင်မှာ ထွက်ရှိလာမယ့် နာမည်ကြီးများစွာပါဝင်ထားတဲ့ "ဝက်ဝက်ကွဲအောင် ပွင့်" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေစဉ် ရိုက်ကွင်းမှာ အကယ်ဒမီနဲ့ ပတ်သတ်ပြီး ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ ပြောနေတဲ့စကားသံတစ်စွန်းတစဟာ ပရိသတ်ကို အမျက်ရှစေခဲ့ပါတယ်။ ဒီ video file မှာ ပြေတီဦးဟာ ဒီနှစ်လည်း ဝတ်မှုန်ရွှေရည်သာရမှာ ဖြစ်ကြောင်း ဒီ ချစ်လှစွာသော အမုန်းဇာတ်ကားမှာ ဝတ်မှုန်ရွှေရည်က အဓိက ဇာတ်ဆောင်ဖြစ်ပြီး သက်မွန်မြင့်က အောက်ကာရိုက်တာသာဖြစ်ကြောင်း ပြောဆိုနေတဲ့ Video file တစတစ်ပြန့်နှံ့လို့လာပြီး ယခုဆို ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဒီ Video file ကြောင့် သက်မွန်မြင့်ရဲ့ အမာခံပရိသတ်တွေလည်း မကျေမချမ်းဖြစ်နေကြပါတယ်။

ယနေ့ သက်မွန်မြင့်တင်ထားတဲ့ " မွန့် ကိုစိတ်မပူကြပါနဲ့" အစချီ status တစ်ခုကတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာမှစိတ်မပူကြစေဖို့ ပရိသတ်ကို သွယ်ဝိုက်ပြောဆိုနေတာ ဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

"မွန့်ကို

စိတ်မပူကြပါနဲ့

ခါးလည်း သက်သာပါတယ်

သတိကလေးနဲ့ နေနေရတာလောက်ပါပဲ

မနက်ဖြန် ဒီဝတုတ်မလေး( မလေးပဲ ပြောမယ်နော်?) ဘယ်လို ဝဝကစ်ကစ်နဲ့ ထွက်လာမလဲဆိုတာသာ စောင့်မျှော်ကြပါကုန်?" ဆိုပြီး ဟာသနှောကာ သူမရဲ့ အကျင့်အတိုင်း ချစ်စရာကောင်းအောင် ရေးသားထားပါတယ်။

အစတည်းက ပြသနာဖြစ်နေပါတယ်ဆို သူ ဝင်နှောက်မှ ပိုရှုပ်ကုန်ပြီ ပရိသတ်ကြီးရေ………

ဘယ်သူက အမျိုးသမီးဇာတ်ဆောင်ဆုရှင် ဖြစ်လာမလည်း ဆိုတာကိုတော့ မနက်ဖြန် အကယ်ဒမီညကျမှ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုကြတာပေါ့နော်…………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။