Daniel Craig ဟာ အရက်နဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေကိုရှောင်ကာ ' Bond 25 ' အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်ပုံစံကိုရအောင်လေ့ကျင့်နေကြောင်း ပြောပြခဲ့ပါတယ်။ မင်းသားဟာ အသက်၅၀ရှိပြီဖြစ်ပြီး သူရဲ့နောက်ဆုံး spy mission အတွက် ကျန်းမာရေးဆိုးရွာစေမဲ့ အစာမှန်သမျျှကိုရျောင်ကာ အဲ့ကားကိုတော့ ၂၀၂၀ မှာပြသမှာဖြစ်ပါတယ်။ သူဟာ သူရဲ့ဇာတ်ဆောင်ဖြစ်တဲ့ James Bond ကိုအမြဲတမ်း ဇာတ်လမ်းဇာတ်ရုပ်နဲ့ညီအောင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြိုးစားလျက်ရှိပါတယ်။

သူရိုက်ထားခဲ့တယ် James Bond ကားတွေကတော့ Casino Royale(2006) , Quantum Of Salce(2008) , Skyfall(2012) , Spectre(2015) တို့ပဲဖြစ်ပါတယ်။ ကားတိုင်လိုလိုမှာ James Bond ဇာတ်ကောင်နဲပီသအောင် အေးဆေးတည်ငြိမ်ပြီး သွေးအေးကာလူသတ်တဲ့အခန်းတချို့ကလည်း ပရိသတ်တွေအတွက် အကြိုက်တွေ့စေပါတယ်။ သူဟာ BAFTA ပွဲကို သူမိန်းမဖြစ်တဲ့ Rachel Weisz နဲ့မတက်ဖို့ရွေးချယ်ခဲ့ပါတယ်။ Daniel ဟာ Golden Globes ပွဲမှာလည်း အရက်တွေကိုရှောင်ခဲ့ပါတယ်။

အဲ့ပွဲ့လူတစ်ယောက်က " သူ ဘာအရက်မှ ဘာဝိုင်မှာမသောက်ခဲ့ပါဘူး....ဝိုင်အစားရေကိုပဲသောက်ခဲ့ပါတယ် " လို့ပြောကြားခဲ့ပါတယ်။ Bond 25 ဟာဆိုရင် မင်းသား Daniel Craig နဲ့ရိုက်ဖို့အတည်ပြုလိုက်ပြီဖြစ်ပြီး Lea Seydoux ကလဲ James Bond ရဲ့ကောင်မလေး Dr. Madeleine Swann အဖြစ်ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ကားကိုတော့ Cary Fukunaga ကရိုက်မှာဖြစ်ပါတယ်။ နောက်ထွက်မဲ့ James Bond အတွက်ဖြစ်နိုင်ခြေရှိတဲ့ သူတွေအများကြီးရှိတဲ့ထဲမှ Richard Madden, Idris Elba နဲ့ James Norton တို့လဲပါဝင်ပါတယ်။

Source : Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။