အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ယနေ့အချိန်အထိ နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ချစ်ခင်ခြင်းကိုရရှိထားတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ဝေဖန်မှုတွေများစွာရှိသော်လည်း ပရိတ်သတ်ကိုအလေးစားဆုံး အနုပညာရှင်လို့ဆိုရလောက်အောင် ဝေဖန်မှုတွေကို တစ်စုံတစ်ရာမှတုံ့ပြန်မှုမရှိခဲ့သူတစ်ယောက်ပါ။  

အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသည့်အပြင် စီးပွားရေးလုပ်ငန်းများလည်း ချဲ့ထွင်နေသူတစ်ယောက်ပါ။ လာမည့်တနင်္ဂနွေနေ့မှာလည်း သူ့ရဲ့ “ SAI ” Cosmetic မှ ပျိုမေတို့ကိုနုပျိုလှပစေမည့် Skin Care product တစ်ခုဖြစ်တဲ့ “ Face mask " လေးတွေကို Junction တွင် စတင်မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်လက်အဖြစ် မိန်းကလေးပရိတ်သတ်တိုင်း သဲသဲလှုပ်ချစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၄၀ကျော်လို့ထင်ရက်စရာမရှိလောက်အောင် နုပျိုလတ်ဆက်နေတာပဲ ဖြစ်ပါတယ်။

လက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ လွိုင်ကော်မှာ Frenzo Artist များအားလုံးသွားရောက်ဖျော်ဖြေကြမည် ဖြစ်ပါသည်။ ဒါ့အပြင် ကြော်ငြာများနဲ့ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ စိုင်းစိုင်းဟာ City FM 17th ဆုပေးပွဲအတွက် သီချင်းများကြိုတင်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ မနေ့ညက ထိုပွဲလေးအတွက်ကြိုတင်ပြင်ဆင်နေရင်း ဦးအရိုင်းနဲ့အခွီဗီဒီယိုလေးရိုက်ကူးကာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် " I Love ဦးအရိုင်း " ဆိုပြီး ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ စိုင်းစိုင်းနဲ့ဦးအရိုင်းတို့ ဘယ်လိုတွေပြောကြပြီး ခွီကြတယ်ဆိုတာကို ပရိတ်သတ်ကြီးလည်း သိရှိရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။