အာစီယံယူ၂၂ပြိုင်ပွဲတွေနဲ့အာရှယူ၂၃ခြေစစ်ပွဲတွေအတွက်လေ့ကျင့်ပြင်ဆင်မှုတွေလုပ်နေတဲ့မြန်မာယူ၂၂အသင်းဟာလက်ရှိအချိန်မှာခြေစမ်းပွဲတွေကစားနေတာဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းထိပ်သီအသင်းတွေရဲ့ဖိတ်ကြားချက်အရသွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။မြန်မာအသင်းကိုအိုမန်အသင်းနဲ့ကာတာအသင်းတို့ကခြေစမ်းဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာပထမဆုံးခြေစမ်းပွဲအနေနဲ့အိုမန်အသင်းနဲ့ခြေစမ်းခဲ့ပြီး(၁-ဝ)ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မနေ့ကတော့နောက်ဆုံးခြေစမ်းပွဲအဖြစ်ကာတာအသင်းနဲ့ခြေစမ်းခဲ့ပြီး(၁-ဝ)ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။မြန်မာအသင်းဟာခြေစမ်းပွဲတိုင်းမှာအာရှထိပ်သီးအသင်းတွေကိုအကောင်းဆုံးယှဉ်ပြိုင်ခဲ့တာဖြစ်တာကြောင့်အာရှထိပ်သီးအသင်းတွေမြန်မာအသင်းကိုအနိုင်ရဖို့ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ။ 

မြန်မာအသင်းဟာခြေစမ်းပွဲတွေပြီးတာနဲ့အာစီယံယူ၂၂ပြိုင်ပွဲအတွက်လေ့ကျင့်ခန်းတွေလုပ်ပြီးပြင်ဆင်တော့မှာဖြစ်ပါတယ်။မြန်မာယူ၂၂အသင်းကတော့ပြီးခဲ့တဲ့ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဒုတိယရထားတဲ့အသင်းကိုအခြေခံပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ခြေစမ်းပွဲတွေတိုင်းမှာအာရှထိပ်သီးအသင်းတွေကိုအကောင်းဆုံးခြေစွမ်းပြနိုင်တဲ့မြန်မာယူ၂၂အသင်းလာမယ့်အာစီယံနဲ့အာရှပြိုင်ပွဲတွေမှာလည်းဘယ်လိုခြေစွမ်းတွေကိုမြင်တွေ့ရမလဲဆိုတော့စိတ်ဝင်စားစွာနဲ့စောင့်ကြည့်လိုက်ဖို့ဖိတ်ခေါ်အပ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။