ပရိသတ်ကြီးကိုဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပရိတ်သတ်အချစ်တော်မင်းသားချောလေးဖြစ်တဲ့ ပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာအနုပညာအလုပ်တွေကနေ အနားယူပြီး မိသားစုကိုအချိန်ပေးနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးချောလေးဇင်သဲနိုင်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူတို့ဇနီးမောင်နှံကတော့ ပရိသတ်အားလုံးရဲ့ အားကျရတဲ့ စံပြမိသားစု အဖြစ်ရှိနေပါတယ်။

အခုလက်ရှိမှာတော့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံက သား ၂ယောက် ၊သမီး တစ်ယောက်တိုနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပြုစုပျိုးထောင်ထားတာပဲဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြစကားပုံအတိုင်း အရမ်းကိုချစ်စရာကောင်းပြီး လိုက်ဖတ်တဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သား၊သမီးလေးတွေကလည်း သူတို့နှစ်ယောက်အတိုင်း တစ်ထက်တည်းတူကြပြီး ချစ်စရာကောင်းကြပါတယ်။ ဒါကြောင့် ပရိသတ် အားလုံးရဲ့ အားပေးချစ်ခင်မှုကိုလက်ခံရရှိထားတာပဲဖြစ်ပါတယ်။ 

ဟိုးအရင်အချိန်ကတည်းက မြန်မာဗီဒီယို ခေတ်ရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသားတစ်ဦးဖြစ်ပြီး အခုချိန်ထိတိုင်ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားတာပဲဖြစ်ပါတယ်။ အခုတလောမှာအနားယူပြီး မိသားစုကိုသာ အချိန်ပေးဂရုစိုက်နေတာ တွေ့ရပါတယ်။ အိမ်ထောင်ဦးစီးကောင်းပီသတဲ့ ပိုင်ဇေရဲထွန်းက သားနှစ်ယောက်၊သမီးတစ်ယောက် အပေါ်မှာ တာဝန်ကျေတာကိုလည်းပရိသတ်တို့အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ "ချစ်စရာကောင်းတဲ့ ကင်မရာမင်း (ကောင်မချောချောလေး) ဇင်သဲနိုင်ရဲ့ ရိုက်ချက်" ဆိုပြီး သူရဲ့ လူမှုကွန်ယက် facebook ပေါ်တွင် status နဲ့တကွ ချစ်စရာပုံရိပ်တွေ ဖော်ပြထားတာကို ပရိသတ်တို့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Paing Zay Ye Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။