အသက် ၂၆နှစ်သာရှိသေးတဲ့ အဆိုတော်မလေး Selena Gomez ဟာဆိုရင် ပူပင်ကြောင့်ကြမဲ့ကာ ကျန်းမာရေးနဲ့အညီ သူ့သူငယ်ချင်း Raquelle Stevens နဲ့ Anna Collins တို့နဲအတူ နေဝင်ချိန်လေးမှာ မြင်းစီးခဲ့ကြပါတယ်။ Selena ဟာဆိုရင် သူမရဲ့ဆံပင်ကို နောက်မှာစုထားပြီး ဂျင်းအင်္ကျီကိုဝတ်ဆင်ကာ အဖြူရောင်ဖိနပ်ကို ဝတ်ဆင်ထားပြီး နားကပ်မှာလည်း သူ fashion နဲ့ညီတဲ့ ကွင်းနားကပ်ကို ဝတ်ဆင်ထားပါတယ်။ သူမပြုံးလိုက်တဲ့လည်းချစ်ဖို့ကောင်းနေတာကို သင်တွေ့မှာပါ။

' Sunset Ride ' ဆိုပြီး Selena သူငယ်ချင်း Stevens captionတပ်ပြီး သူငယ်ချင်း၃ယောက် ကိုယ်စီမြင်းစီးကာ လှပတဲ့နေဝင်ချိန်အလှကိုနောက်ခံထားကာ ရိုက်ထားတဲ့ပုံကို Instagramမှာ တင်ခဲ့ပါတယ်။ Selena ဟာ အဆိုးမြင်အတွေးတွေကို ပယ်ဖျောက်ရန် October လမှာ East Cost ကိုထွက်ရှိလာခဲ့ပါတယ်။ အရင်လမှာဆိုရင် Selena ဟာ နောက်ထပ်သူငယ်ချင်းတွေဖြစ်တဲ့ Bailee Madison နဲ့ Connar Franklin တို့နဲ့အတူ California ပြည်နယ် Big Bear ကိုစကိတ်စီးရန် ခရီးထွက်ခဲ့ပါတယ်။  

လူတွေပြောဆိုချက်အရ " Selena ဟာအရင်ကထက်ပိုသက်သာလာပြီး ပုံမှန်ပြန်ဖြစ်ဖို့အတွက် ကြိုးစားနေတာကို တွေ့ရှိပါတယ် " လို့ပြောကြားခဲ့ပါတယ်။ " သူမဟာ မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ပါ အချိန်ကိုဖြတ်သန်းနေပါတယ် " လို့သူတို့ဟာ ဆက်လက်ပြောဆိုခဲ့ပါတယ်။ နောက်ထပ်လူတွေပြောကြားချက်အရတော့ " Selena ဟာ အရင်လကထက် ပိုမို ကျန်းမာလာပြီဖြစ်ကာ..... ခုလိုပြန်ကောင်းလာဖို့ စွမ်းအင်၊ အာရုံစူးစိုက်မှု နဲ့ အရင်လို ပြန်လည်ကျန်းမာလာအောင် လုပ်နေပါတယ် " ဆိုပြီးပြောခဲ့ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။