ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပြိုင်ပွဲများ၏ တတိယနေ့ပွဲစဉ်များကို ကရင်ပြည်နယ်တောင်ကလေးတွင် ယမန်နေ့က ဆက်လက်ကျင်းပရာ အဓိကတွဲဆိုင်းဖြစ်သည့် ဖျံသွေး(မြန်မာ)နှင့် ဒေလိစန်ထယန်း(ထိုင်း)တို့ပွဲတွင် ဖျံသွေးသည် ဘယ်လက်ကောက်ဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် တတိယအချီအပြီး စတုတ္ထအချီ ပြန်အစတွင်ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရသည်။ သို့သော် ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်းနှင့် ဒဏ်ရာရပြီး ရှုံးခဲ့ရသည့်အတွက် ပရိတ်သတ်ကိုတောင်းပန်ကြောင်း ဖျံသွေးကလူမှုကွန်ယက်တွင် ရေးသားခဲ့သည်။ ထိုနေ့ပွဲစဉ်များတွင် သုံးချီအထူးစိန်ခေါ်ပွဲအဖြစ် အံ့ပွား၊ ကျားဖြူ နှင့် နိုင်ဝမ်း(စက်ရုံ)တို့ပွဲမှာ သရေကျခဲ့ပြီး စောထွန်းအောင်သူ(တောင်ကလေး)နှင့် အောင်ရဲလင်း(တိုက်ဂါး)တို့မှာလည်း သရေကျခဲ့သည်။ 

အမျိုးသမီးစိန်ခေါ်ပွဲတွင် ဘရော်နီကာ(မြန်မာ)က ဖစ်ထဲ(ထိုင်း)ကို ဒုတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရခဲ့သည်။ လေးချီအထူးစိန်ခေါ်ပွဲတွင် သူ့ထက်အောင်(ဇာနည်မောင်) နှင့်စိုးမင်းရာဇာ (ရန်စစ်ငြိမ်း) တို့ပွဲမှာ သရေကျခဲ့ပြီး ကျော်အဲပညာ့(တောင်ကလေး)နှင့် ချစ်ဆူးငယ် (ရွှေသထုံ)တို့ပွဲတွင် ပထမအချီမှာပင် ချစ်ဆူးငယ်က ဘယ်လက်ဒဏ်ရာရပြီး အရှုံးပေးခဲ့ရသည်။ 

အထူးငါးချီစိန်ခေါ်ပွဲများတွင် ရွှေဖားစည်(ဇာနည်မောင်)နှင့် သိန်းဌက်မင်း(ဇာနည်မောင်)တို့ပွဲမှာ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ စောလှမင်း(မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် ရာအူးဖလုံ( ရွှေမိုးထိငြိမ်းချမ်းရေး) တို့ပွဲမှာ စတုတ္ထအချီတွင် ရာအူးဖလုံသည် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သည်။ စိန်လုံးချော (တောင်ကလေး)နှင့် လွမ်ချိူင်း(Adventure) တို့ပွဲမှာလည်း သရေကျခဲ့ပြီး စောဒါဝိတ်(တောင်ကလေး)နှင့် စောထူးဇော်(ဒို့ရိုးရာ) တို့ပွဲလည်း သရေကျခဲ့သည်။ ရဲသွေးနီ(တောင်ကလေး)နှင့် ဖစ်မိုင်(ထိုင်း)တို့ပွဲတွင်လည်း ရဲသွေးနှီ(တောင်ကလေး)က အနိုင်ရခဲ့သည်္။

photo - Phyan Thwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။