မင်းသမီးချောလေး မယ်လိုဒီကတော့ ချိုသာတဲ့အသံနဲ့ အပြုံးလှလှလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အရယူထားနိုင်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ မယ်လိုဒီက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီက အရမ်းကို ယဉ်ကျေးလိမ္မာတဲ့ သားချောလေးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။

မယ်လိုဒီရဲ့တစ်ဦးတည်းသော သားလေး " သိဒ္ဓိစစ် " ကတော့ အခုအရွယ်လေးကတည်းက ဖေဖေနဲ့မေမေအတွက် စိတ်ချအားကိုးနေရပြီ ဖြစ်ပါတယ်။ သားလေးက ဘုရားတရားလည်း ကိုင်းရှိုင်းသိတတ်သလို လူကြီးလေးတစ်ယောက်လို အကုန်နားလည်ပြီး မိဘစကားနားထောင်တဲ့ သားလိမ္မာလေး ဖြစ်ပါတယ်။ အခုလည်း သားလေးက နိုင်ငံကျော် ဆရာတော်ဘုရားကြီးတွေကတောင် ချစ်ခင်ရတဲ့ ကလေးလေးဖြစ်ကြောင်း မေမေမယ်လိုဒီက ပြောပြထားပါတယ်။

မယ်လိုဒီက " အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး Siddhi Sitt (သိဒ္ဓိစစ်) ဘဝအမောတွေ ပြေပျောက်ရပါတယ် သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ် အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာကြပါစေရှင် ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင် " ဆိုပြီး ဆရာတော်ဘုရားကြီးတွေနဲ့ သားလေးရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မယ်လိုဒီသားလေးရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Melody Myo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။