ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ ပရိသတ်တွေတခဲနက်အားပေးမှုကို ရရှိနေတဲ့အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တွေအသည်းစွဲအားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေနှလုံးသားထဲကို အဆွေးသီချင်းလေးတွေနဲ့ ရောက်ရှိလာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။   

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။

ယနေ့မှာတော့ ပိုပိုတစ်ယောက် နှလုံးသားနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းရာလေးကို ပရိသတ်တွေရှေ့ကို ချပြလာခဲ့ပါတယ်။ ပိုပိုကတော့ " လုံးသားနဲ့ ချက်ပြုတ်သည် ဟင်းချက်တယ်ဆိုတာ ကိုယ့်အတွက် အနုပညာ တစ်ခု ဖန်တီးနေရသလိုပဲ အပေါ့စားတတ်တဲ့ သူဆိုတော့ငံသွားတော့လဲ အာလူးထောင်းဖို့ ပြုတ်ထားတဲ့ အာလူးကို ထည့်လိုက်တာပေါ့ကွယ်

ဘဲသားအချိူချက်ဆိုတော့ ချဉ်ပေါင်ရွက် အချဉ်ဟင်းလေးချက်မယ် ဘဲသားကို မနက်ဖြန်ဆွမ်းလောင်းဖို့ တစ်ဝက်သိမ်းမယ် အိမ်ကလူတွေစားဖို့တစ်ဝက်

P.S...ကိုယ်ချစ်တဲ့သူ အတွက် စေတနာ တွေ ထည့်ချက်ထားတဲ့ ဟင်းဆိုတော့ ကောင်းလားလို့ မေးစရာမလိုတော့လောက်ပါဘူး စားကြပါဦး နော် " ဆိုပြီးရေးသားထားပါတယ်။

source: popo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။