ပရိတ်သတ်ကြီးရေ.... သရုပ်ဆောင်လည်းဟုတ် ဒါရိုက်တာလည်းဟုတ်တဲ့ မင်းသား သားညီကိုပရိတ်သတ်ကြီးသိမှာပါနော်။သူဟာ အမိုက်စားရိုက်ကွင်း ရိုက်ကွက်တွေကို နိုင်ငံခြားဆန်ဆန်ရိုက်ချက်တွေနဲ့ အသက်သွင်းကာ ပရိတ်သတ်တွေကိုချပြခဲ့ပါတယ်နော်။ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတိုင်းကားလည်းတစ်ကားနဲ့တစ်ကားလုံးဝ ရိုးမသွားစေဘဲ တမူထူးခြားပြီး ဆွဲဆောင်မှုတွေ အပြည့်ပေးစွမ်းနိုင်ပါတယ်။

သရုပ်ဆောင်ဘက်မှာလည်း အကိုဖြစ်သူ ဒွေးရဲ့ ညီပီပီ အရမ်းကိုသဘာဝကျ ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကို ဆေးစက်ကျရာသရုပ်ပေါ်အောင် ပုံဖော်သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါရိုက်ဘက်မှာလည်းထူးချွန်ပြီး သရုပ်ဆောင်လည်း ကောင်းတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုခံနေရသူလည်းဖြစ်ပါတယ်။ သူရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတော်များများဟာလည်း ဒီလပိုင်းတွေမှာရုံတင်ရက်တွေတန်းစီနေခဲ့ပါတယ်နော်။

အဲ့လိုအနုပညာပါရမီပါတဲ့ သရုပ်ဆောင်သားညီကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောလေး ဟိန်းဝေယံက new Yearလက်ဆောင်အနေနဲ့ အဖိုးတန်လက်ဆောင်တစ်ခုကိုပေးခဲ့ပါတယ်။အဲ့ဒါကတော့ နာမည် ကြီးbrandတစ်ခုဖြစ်တဲ့ Alexandre Christieထုတ် တန်ဖိုးကြီးနာရီတစ်လုံးပဲဖြစ်ပါတယ်။သားညီတစ်ယောက်ကတော့ ညီအစ်ကိုလိုချစ်ရတဲ့သူတစ်ယောက်ကပေးတဲ့လက်ဆောင်မို့ အရမ်းကိုပျော်နေပြီး ကျေးဇူးတင်ကြောင်းလည်းဆိုကာ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးထားခဲ့ပြန်ပါတယ် ပရိတ်သတ်ကြီးရေ...။

Source : Tharr Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။