မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာကြည့်ရှု့သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။ အမေစုကတော့ လက်ရှိပြည်ပနိုင်ငံများစွာကို သွားရောက်လေ့ရှိပြီး နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။   

ပြည်တွင်း တိုင်းရင်းသားများစွာရဲ့ စည်းလုံးရေးကို အဓိကထားလုပ်ဆောင်နေပြီး ပြည်တွင်း ပြည်ပခရီးစဉ်များစွာကိုလည်း မကြာခဏထွက်လေ့ရှိတာလည်း တွေ့ရပါတယ်။ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကတော့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ကချင်ရိုးရာဝတ်စုံနဲ့အတူ မနောအကကို ကိုယ်တိုင်ပါဝင်ကပြခဲ့တာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ တိုင်းရင်းသားရိုးရာတွေကို မြတ်နိုးတန်ဖိုးထားသူတစ်ယောက်ဖြစ်ပြီး မြန်မာ့ပညာရေးပိုင်းမှာလည် ပိုမိုတိုးတက်လာစေဖို့ အားအင်နဲ့အမျှ ကြိုးစားလျှက်ရှိတာလည်း တွေ့ရပါတယ်။  

ကျေးလက်ဒေသပညာရေးတွေကို အဓိကပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေပြီး အခြေခံကျောင်းများစွာကိုလည်း ကိုယ်တိုင်သွားရောက်၍ အားပေးလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သွားရောက်ပုံတွေထဲမှာ ပရိသတ်တွေချစ်ခင်နေရတဲ့ အမေစုရဲ့ ပုံလေးတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ဖြူစင်ရိုးသားပြီး ချစ်စရာကောင်း အပြုံးတွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေကြားမှာ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ အမေစုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Terence Hlamin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။