တောင်ကိုရီးယားနိုင်ငံမှာတော့ ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်လေးကတော့ တောင်ကိုရီးယားနိုင်ငံက တက္ကဆီယာဉ်မောင်းတစ်ဦးဟာ သူမောင်းနှင်တဲ့ကားထဲမှာပဲ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့တဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။  

၎င်းတက္ကဆီယာဉ်မောင်းဟာ အသက်၆၄ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ ဇန်နဝါရီလ ၉ ရက်နေ့ညနေပိုင်းက ဆိုးလ်မြို့လယ်ခေါင်မှာ ကိုယ့်ကိုကိုယ်မီးရှို့သတ်သေခဲ့တာဖြစ်ပါတယ်။

သူသတ်သေခဲ့ရတဲ့အကြောင်းရင်းကတော့ တောင်ကိုရီးယားနိုင်ငံက အကြီးမားဆုံး လက်ကိုင်ဖုန်း အပလီကေးရှင်းကမိတ်ဆက်တဲ့ ကားခမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အခုလိုသတ်သေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းပြချက်လေးနဲ့ အခုလို အရှင်လတ်လတ်မီးရှို့သတ်သေခဲ့တာကကြီးက တောင်ကိုရီးယားနိုင်ငံက ပြည်သူတွေအတွက်တော့ အင်မတန်အံသြစရာကောင်းတဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်စေခဲ့ပါတယ်။  

၎င်းအမျိုးသားသတ်သေနေချိန်မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသတ်မသေခင်ကယ်တင်နိုင်ခဲ့ပေမယ့်လည်း နောက်ထပ်အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့ သူကသေဆုံးသွားခဲ့ရပါတယ်။

သူထားရှိခဲ့တဲ့ သေတမ်းစာထဲမှာဆိုရင်လည်း တရားမဝင်အငှားယာဉ်လုပ်ငန်းလို့ သူသတ်မှတ်ထားတဲပ ကားခမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုကို တားမြစ်ပိတ်ပင်ဖို့ ဆော်သြထားတယ်လို့ သိရပါတယ်။

အများအတွက်နဲ့ သူတစ်ယောက်တည်းပေးဆပ် အနစ်နာခံတဲ့ဒီအမျိုးသားကိုတော့ ကောင်းချီပေးသူတွေရှိခဲ့သလို ဒါဟာရူးမိုက်တဲ့လုပ်ရပ်တစ်ခုပဲလို့ ပြောကြားနေသူတွေလည်းရှိကြပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။