အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တက္ကဆက်ပြည်နယ် ရီယိုဂရန်ဒေးရှိ အမေရိကန်-မက္ကဆီကို နယ်စပ်ကို သွားရောက်ခဲ့ပါတယ်လို့သိရပါတယ်။

ထရမ့်သွားရောက်ရတဲ့အကြောင်းရင်းကတော့ နယ်စပ်တံတိုင်း တည်ဆောက်ရေး ထောက်ခံမှုရရှိဖို့အတွက်ပဲဖြစ်ပါတယ်။ 

ဒီခရီးစဉ်မှာတော့ ထရမ့်ဟာ တရားမဝင် ဝင်ရောက်လာသူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ 

ဒါ့အပြင် ထရမ့်ဟာ အစိုးရယန္တရား ရပ်တန့်နေချိန်မှာ လစာမရရှိတဲ့ နယ်ခြား ကင်းလှည့်တပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။  

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။