သရုပ်ဆောင်ဇာဏ်ခီဟာ သူ့ရဲ့တတိယမြောက်ဇာတ်ကားဖြစ်တဲ့ " Now and Ever " ဇာတ်ကားကို ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲတွင် မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့တွဲဖက်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဒါရိုက်တာအနေနဲ့သူ့ရဲ့ချစ်ဇနီးချောလေး ခရစ်စတီးနားခီက ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး ပရိတ်သတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ထွက်ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။ ဇာဏ်ခီဟာ သူ့ရဲ့ပရိတ်သတ်တွေအတွက် အမြဲပဲစေတနာထားကာ ဇာတ်ကားကောင်းတွေကိုပဲ ရိုက်ကူးပေးသူတစ်ယောက်လည်း ဖြစ်ပါသည်။  

သရုပ်ဆောင်ဇာဏ်ခီနှင့်ဒါရိုက်တာ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံနှစ်ယောက်ဟာ စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကို အကောင်ထည်ဖော်လျက်ရှိပါတယ်။ အနုပညာကိုချစ်မြတ်နိုးကြသူနှစ်ယောက်ဖြစ်ကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့အပြန်အလှန်ပံ့ပိုးပေးနေကြသူတွေပါ။ မအောင်မြင်ခင်မှာလည်း အခက်အခဲတွေမျိုးစုံကြုံတွေ့ခဲ့ရပြီး အတူရင်ဆိုင်ကျော်ဖြတ်ကြခဲ့သူတွေပါ။ အခက်အခဲတွေကိုဘေးကနေ အတူရင်ဆိုင်ခဲ့တဲ့ ဇနီးဖြစ်သူကို အမြဲတမ်းချစ်သွားမယ်လို့လည်းဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကြော်ငြာများနဲ့မဂ္ဂဇင်းဓာတ်ပုံများရိုက်ကူးထားပြီး ပွဲအခမ်းအနားများလည်း တက်ရောက်နေပါတယ်လို့သိရှိရပါတယ်။ စမတ်ကျတဲ့ ဖက်ရှင်တွေနဲ့ အမြဲတမ်းစတိုင်ကျနေတဲ့ ဇာဏ်ခီတစ်ယောက်ကတော့ အခုတစ်ခေါက်မှာလည်း အရမ်းလန်းတဲ့ဖက်ရှင်နဲ့ပွဲအခမ်းအနားတစ်ခုကို တက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လုမှုကွန်ယက်တွင် ဖော်ပြထားတာကိုတွေ့ရပါတယ်။ ပရိတ်သတ်ကြီးလည်း ဇာဏ်ဇီရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုရင်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်အားပေးလိုက်ကြပါဦးနော်။

Photo - Zenn Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။