အဆိုတော်၊သရုပ်ဆောင် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ရွှေထူးက အိမ်ထောင်ဦးစီးနေရာကနေ တာဝန်ယူထားရပြီဖြစ်တာကြောင့် ရှိုးပွဲတွေသီဆိုနေသလို သီချင်းသစ်တွေလည်း ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုန်လေးကလည်း ရိုက်ကူးရေးတွေရှိနေတာတောင်မှ ခင်ပွန်းကို ကိုယ်တိုင်ထမင်း၊ဟင်း ချက်ကျွေးလေ့ရှိပါတယ်။

အချစ်စစ်တွေနဲ့ စတင်တည်ဆောက်ခဲ့တဲ့ ရွှေရွှေတို့စုံတွဲလေးရဲ့အိမ်ထောင်သည်ဘဝလေးက အခုချိန်မှာတော့ အရမ်းကိုပျော်စရာကောင်းပြီး သာယာလှပါတယ်။ ရွှေထူးကလည်း သူချစ်ရတဲ့မိန်းမရဲ့ ရိုက်ကွင်းအထိ ကိုယ်တိုင်သွားရောက်အားပေးသလို ရွှေမှုန်ကလည်း ခင်ပွန်းရဲ့ဖျော်ဖြေပွဲတိုင်းမှာ အားတစ်ခုဖြစ်စေတတ်သူလေး ဖြစ်ပါတယ်။ အခုလည်း ရွှေမှုန်တက်ရောက်ဖွင့်လှစ်ရတဲ့ Hot pot ဆိုင်ဖွင့်ပွဲလေးတစ်ခုကို ရွှေထူးကလည်းလိုက်ပြီး အားပေးခဲ့ပါတယ်။

ရွှေထူးက မှုန်နေအောင် ချောမောလှပနေတဲ့ ဇနီးလေး ရွှေမှုန်ရတီကို " မင်းသမီးနဲ့ လူကြမ်း ချစ်တယ် မိန်းမ " ဆိုပြီး အချစ်တွေထုတ်ပြထားပါတယ်။ ကိုယ်တိုင်လူကြမ်းတစ်ယောက်အဖြစ်ခံပြီး ချစ်ဇနီးလေးကို မင်းသမီးတင်မြှောက်လိုက်တဲ့ ရွှေထူးရဲ့ အချစ်တွေကတော့ အရမ်းကို အားကျချင်စရာကောင်းလောက်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိန်းမကို မျက်စိအရှေ့ကအပျောက်မခံတဲ့ ရွှေထူးနဲ့ ဇနီးလေး ရွှေမှုန်ရတီတို့ရဲ့ပုံသစ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htoo Khant;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။