မကြာခဏဆိုသလို ကြားနေရတဲ့ ပြည်တွင်းစစ်ဘေးအသံတွေကိုတော့ ပရိသတ်တွေလည်း နေ့ညမပျက်ကြားသိနေကြမယ်ထင်ပါတယ်။ 

အဆိုပါ ပြည်တွင်းစစ်တွေထဲမှာ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကတော့ သေဆုံးသူများနဲ့အတူ ဝမ်းနည်းစရာဖြစ်ရပ်ဆိုးကြီးတွေကို ဖန်တီးပေးခဲ့တာတွေ့ရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၇ရက်နေ့ ညနေပိုင်းမှာ ကယားပြည်နယ် ဒီမော့ဆို ပြည်နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး " ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၇ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း " ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ သေနတ်ဒဏ်ကြောင့် ရဲအုပ်နှစ်ဦးကတော့ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။ မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့လေးမိုင်သုသာန်တွင် အဆိုပါ သေဆုံးသူ ရဲအုပ်နှစ်ဦးအား မီးသြင်္ဂီုလ်ခဲ့ပြီး ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပထမတန်းဦးစီးအရာရှိ ဒုရဲမှူးကြီး တင်ရွှေ၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းအောင်၊ စစစ ဦးစီးဌာနမှ ဒုညွှန်မှူး ဦးကျော်စိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူလူထုများမှ နာရေးပို့ဆောင်ပေးခဲ့ပါကြောင်းသိရှိရပါတယ်။ စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့တဲ့ အဆိုပါ ဈာပနပွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - နိုင်ငံတော်မှတ်ကြီး (လွိုင်ကော်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။