Vampire ကောင်လေးနဲ့ လူသားမိန်းကလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ Twilight ဆိုတဲ့ သဘာဝလွန်ရုပ်ရှင်ဇာတ်ကားအမျိုးအစားကို ကြည့်ရှူခဲ့သူတဲ့ ပရိသတ်တွေတိုင်း Bella Swan ဆိုတဲ့ ဇာတ်ကောင် မိန်းကလေးနေရာက သရုပ်ဆောင် မင်းသမီးချောလေး Kristen Stewart ကို ရင်းနှီးပြီးသားဖြစ်သလို အရမ်းကို ရိုမန်တစ်ဖြစ်လွန်းတဲ့ ဒီဇာတ်လမ်းစီးရီးလေးကို ပရိသတ်တွေလည်း အမှတ်တရနေဦးမယ် ထင်ပါတယ်။

လက်ရှိမှာ အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ သူမဟာ César Award ဆိုတဲ့ ရုပ်ရှင်ဆုကို ပထမဆုံးရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး ရုပ်ရှင်မင်းသမီးဖြစ်ပြီး (၂၀၁၀-၂၀၁၂) ခုနှစ် အတွင်းမှာ အနုပညာကြေးအမြင့်ဆုံး မင်းသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ မင်းသားချော Robert Pattinsonနဲ့ (၄) နှစ်တာလောက် တွဲခုတ်ခဲ့ပေမဲ့လည်း ၂၀၁၄ခုနှစ်မှာ လိင်တူတွဲခုတ်တဲ့ Lesbian လိင်တူအမျိုးသမီးတစ်ဦးအဖြစ် သူမရဲ့ ချစ်မှုရေးရာ စိတ်ခံစားချက်ကို တရားဝင်ချပြခဲ့ပြီး နောက်ပိုင်းမှာတော့ မိန်းကလေးချစ်သူတွေနဲ့ သာ ဒိတ်လုပ်လေ့ရှိပါတယ်။

လက်ရှိ သူမရဲ့ ချစ်သူမိန်းကလေးကတော့ Sara Dinkin ဖြစ်ပြီး လတ်တလောမှာ သူတို့နှစ်ဦးကို အတူယှဉ်တွဲမြင်တွေ့နေရတာ ကြောင့် ချစ်သူတွေဖြစ်နေကြပြီးလို့ ကောလဟာလထွက်နေပြီး (၉၀) ရာခိုင်နှုန်းလောက် သေချာနေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကိုပါပါရာဇီတွေအတွက် မျက်စိတောက်လျောက် နောက်ယောင်ခံလိုက်စရာ ဖြစ်နေခဲ့ပါတယ်။ဇန်နဝါရီလ (၉) ရက်နေ့၊ ကယ်လီဖိုးနီးယားမှာ မြင်နေတွေ့ရတဲ့ မင်းသမီး နဲ့ ဖက်ရှင်လ် Blogger Sara Dinkinတို့ရဲ့ မနက်ခင်း စက်ဘီးစီးထွက်လာခဲ့တဲ့ ပုံတချို့နဲ့ အတူ ဖော်ပြပေးလိုက်ရပါတယ်။

source:http://www.justjaredjr.com/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။