အနုပညာလောကထဲမှာ professional model တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ အရမ်းကိုလှပြီး စမတ်ကျစွာနေထိုင်ပြောဆိုပြုမူတတ်သူတစ်ယောက်ဖြစ်ပါတယ်။အောန်ဆိုင်းက မော်ဒယ်အလုပ်ကို လုပ်ကိုင်လာတဲ့ သက်တမ်းက ကြာမြင့်နေပြီဖြစ်လို့ အောင်မြင်မှုကလည်း အတိုင်းအတာတစ်ခုထိ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။အောန်ဆိုင်းရဲ့ဖက်ရှင်က ရိုးရိုးရှင်းရှင်းလေးနဲ့ စမတ်ကျစွာဝတ်စားတတ်သူဖြစ်လို့ ဘယ်ပွဲမှာပဲဖြစ်ဖြစ် ထင်ပေါ်နေတဲ့သူပါ။

အောန်ဆိုင်းရဲ့ စင်မြင့်ထက်မှာ လျှောက်တဲ့ ခြေလှမ်းတွေဟာဆိုရင် ရဲရင့်စွာနဲ့ လျှောက်လှမ်းနေတဲ့သူမို့ အမြဲတမ်းစမတ်ကျပြီး မိန်းကလေးတွေ အားကျချစ်ခင်နေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အောန်ဆိုင်းက မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ရတာကိုပဲသဘောကျပြီး အောန်ဆိုင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကတော့ နည်းပေမယ့် ပရိတ်သတ်ကြီးကတော့ အောန်ဆိုင်းရဲ့ လှုပ်ရှားမှုမှန်သမျှကို တစ်ခဲနက်အားပေးကြပါတယ်နော်။ 

အောန်ဆိုင်းက အားတဲ့အချိန်တွေဆိုရင် ခရီးတွေထွက်ပြီး စူးစမ်းလေ့လာရတာကို သဘောကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။အေးချမ်းစွာနေတတ်ပြီး စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်လို့ သူငယ်ချင်းတွေကတော့ ပေါများပါတယ်နော်။အောန်ဆိုင်းက သူမရဲ့ သူငယ်ချင်းတွေနဲ့လည်း အတွဲညီစွာနဲ့ tiktok လေးတစ်ခုကို ဟာသဆန်ဆန်လေးကစားထားလို့ ကြည့်မိတဲ့ ပရိတ်သတ်တောင် ကြည်နူးသွားနိုင်ပါတယ်နော်။ပရိတ်သတ်တွေလည်း အောန်ဆိုင်းရဲ့ tiktok လေးကို ကြည့်ပြီး ပျော်ရွှင်သွားအောင် ဖော်ပြလိုက်ပါတယ်။

Source:Awn Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။