မှုခင်းတိုင်းမှာ ပုံမှန်မဟုတ်တဲ့ အရာတွေ သဲလွန်စတွေ အမြဲရှိစဲပါ။ ဥပမာအားဖြင့် လက်ဗွေ့ရာတို့ ကျကျန်ခဲ့တဲ့ ပစ္စည်းတို့ စသဖြင့် တစ်ခုမဟုတ်တစ်ခုဆိုတာ အမြဲရှိနေစဲပါ။ ဒါပေမဲ့တချို့အမှုတွေမှာ ဘာဆိုဘာမှ မရှိဘူးခဗျ....ဘာလို့ပါလိမ့််။ ဘာဆိုဘာမှ မတွေ့တဲ့ သဲလွန်စတွေနဲ့ အမှုကို ဘယ်လိုပြန်ဖော်နိုင်ကြမှာလဲ။ အာ့ကြောင့်ပဲ ယနေ့ချိန်ထိ ဖြေရှင်းမရတဲ့ အမှုတွေ အများကြီးကျန်ရှိနေတာပေါ့။ ဒါပေမဲ့ ဒီအမှုကတော့ သူခိုးအမှုပါ။ ခြေရာလက်ရာမကျန် သဲလွန်စဘာဆိုဘာမှမတွေ့ ခိုးသွားတဲ့အမှုပဲဖြစ်ပါတယ်။

အဲ့အမှုဟာဆိုရင်တော့ ၂၀၁၇ခုနှစ်မှာ ထူးခြားအံသြဖွယ်ရာ ၁၇ရှိတဲ့ပြတိုက်ဖြစ်တဲ့ Modern Art PS1 မှာဖြစ်ပေါ်ခဲ့တာပါ။ ပြတိုက်အလုပ်သမားတစ်ယောက်ဟာ ခန့်မှန်းခြေ ဒေါ်လာ ၁သိန်း၅ထောင်တန်ဖိုးရှိ ပန်းချီကား၂ချပ် ပောျက်ဆုံးနေတာကို ထိတ်လန့်စွာတွေ့ရှိခဲ့ပါတယ်။ အဲပန်းချီတွေကတော့ Carolee Schneemann ရဲ့ပန်းချီတွေပဲဖြစ်ပါတယ်။ အဲ့အမှုမှာဘာကမှားနေလဲဆိုရင် ဘာခြေရာလက်ရာမှ မရှိ ဘာလက်ဗွေရာကိုမှ မတွေ့ရှိတာပါပဲ။ တော်တော်ကို စနစ်ကျကျ ခိုးသွားတာပါ...တစ်ယောက်ထဲလား အုပ်စုလိုက်လားတော့မသိပါဘူး။

ရဲတွေရော တာဝန်ရှိသူတွေရော တော်တော်ကို ခေါင်းရှုပ်ကုန်ပြီး ဘယ်ကနေစပြီး ဘယ်လိုလိုက်ရမလဲ မသိဖြစ်နေခဲ့ပါတယ်။ အဲ့ကိစ္စဖြစ်ပြီး ၄ရက်အကြာမှာတော့ အဲ့ပန်းချီကားတွေဟာ နေရာမှန်ကို ခြေရာလက်ရာမပျက် ပြန်လည်ရောက်ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ CCTV တွေ့ရော ဘာဆိုဘာမှ မဖမ်းမိခဲ့ပါဘူး။ ပန်းချီကားနဲ့အတူ စာတစ်စောင်းကိုချန်ထားခဲ့ပါတယ်။ စာကတော့ " အခုလိုမျိုး ကျွန်တော်တို့ကို ငှားတဲ့အတွက်ကျေးဇူးတင်ပါတယ် " ဆိုပြီးနောက်ပြောက်ကာ ရေးထားခဲ့ပါတယ်။ အဲ့တော့မှ အုပ်စုနဲ့ခိုးတာကို သိခဲ့ရပါတယ်။

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။