ခိုင်နှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ထင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ခိုင်နှင်းဝေဟာ မင်းသမီးတယောက်အနေနဲ့ အလှအပကို မက်မောမိခဲ့ဖူးပေမဲ့ ယခုအချိန်မှာတော့ အလှအစစ်ကိုရှာတွေ့သွားပြီဖြစ်ပါတယ်။ 

ခိုင်နှင်းဝေကတော့ " ကျွန်မ မြတ်နိုးသော အလှစစ် ကျွန်မ ကို မြင်လိုက်တာနဲ့ 2ခါ ပြန်ကြည့်ရလောက်တဲ့ ထိ ကျွန်မ မလှပါဖူး ကျွန်မ ရဲ့ အကြည့်မှာ မျောသွားလောက်တဲ့ထိ ကျွန်မ အကြည့်မစူးရှပါဖူးကျွန်မ ရဲ့ အပြုံးအောက်မှာ ကြည်နူးမိသွားတဲ့ထိ ကျွန်မ အပြုံးတွေမချိုမြိန်ပါဖူးကျွန်မ အပြောမှာ ကြွေဆင်းသွားတဲ့အထိ ကျွန်မ စကားမကြွယ်ပါဖူး

ကျွန်မ ရဲ့ ခြေလှမ်းတွေ ကြားမှာ တွယ်ငြိသွားမိတဲ့အထိ ကျွန်မ မနူးညံ့ပါဖူးကျွန်မ အပေါ်ယံ အရေပြားတထောက်စာ အလှအပေါ် မမက်မောချင်တော့ပါဖူးမိန်းမသား အနေနဲ့ မင်းသမီး တယောက် အနေနဲ့ အလှအပကို မက်မောမိခဲ့ဖူးတာပေါ့ကျော့ကျော့မော့မော့လေးနဲ့ ရုပ်ရှင် လေးရိုက်လိုက် နားတဲ့အချိန် Spa လေးသွားလိုက် Hair Salon လေးသွားလိုက်နဲ့ ကျွန်မ အချိန်တွေကို ဖြတ်သန်း ဖူးခဲ့တာပေါ့ .... 

ကျွန်မ မြတ်နိုးတဲ့ အလှစစ်ကို ရှာတွေ့သွားတဲ့အချိန်မှာ အရေပြားတထောက်စာ အလှအပေါ် မမက်မောချင်တော့ဖူး ...ကျွန်မ မင်းသမီး တယောက်လို အလှပြင်ပြီး ရုပ်ရှင် ရိုက်တဲ့အချိန်ကလွဲရင် ကျွန်မရဲ့ ကိုယ်ပိုင်အချိန်တွေကို မိဘမဲ့ကလေးတွေ နဲ့ ဒုက္ခရောက်နေတဲ့ လူသားတွေ အထူးသဖြင့် အမျိုးသမီး တွေအပေါ် ပေးထားခဲ့တာ ကြာခဲ့ပါပြီ ....

ကျွန်မ မှာ Spa သွားချိန် မရှိတော့ဖူးကျွန်မ မှာ မိသားစု နဲ့ခရီးသွားဖို့အချိန် မပေးနိုင်တော့ဖူးကျွန်မ ညီမလေး နိုင်ငံခြားကနေ ပြန်လာလည်တုန်းအချိန်လေးတောင် သူနဲ့စကားပြောဖို့ အချိန်မပေးနိုင်ဖူးကျွန်မ မှာ ဆံပင်ပြုပြင်ဖို့ အချိန် မပေးနိုင်တောဖူးကျွန်မ မှာ ချစ်ရတဲ့ ကလေးတွေ(အိမ်မွေးခွေး) အတွက် အချိန်မပေးနိုင်တော့ဖူးဒါပေမယ့် ကျွန်မ ပျော်ပါတယ် ...

ကျွန်မ ကိုတွေ့လို့ ခိုင်နှင်းဝေ လှလိုက်တာ ဆိုတာထက် ပရဟိတတွေလုပ်နေတာတွေ့ရတယ် အမြဲဆက်လုပ်ပေးပါနော်လို့ပြောကြတာ ယုံကြည်ပေးကြ တာကိုကျွန်မ မက်မော မိနေပါပြီ ကျွန်မ မလှပါဖူးဒါပေမယ့်ကျွန်မ ကိုယ်ကျင့်တရား ကောင်းအောင် ကျွန်မ စိတ်ကို လှအောင် နေထိုင်ပါတယ် .... " ဆိုပြီးရေးသားထားခဲ့ပါတယ်။

source: Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။