ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် လူငယ် ဆယ်လီစုံတွဲလေးတွေထဲမှာ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကလည်း အပါအဝင်ပါပဲ..။

ချစ်သူသက်တမ်းနှစ်အတော်ကြာပြီဖြစ်တဲ့ သူတို့စုံတွဲလေးကတော့ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်ကြတဲ့အတိုင်း အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ စုံတွဲလေး တစ်တွဲပဲ ဖြစ်ပါတယ်..။

လွှမ်းပိုင်တို့ ချစ်သူစုံတွဲလေးကတော့ အနုပညာလောကမှာလည်း အောင်မြင်နေသလို စီးပွားရေးဘက်မှာလည်း နှစ်ယောက်အတူ High Skool ဆိုတဲ့ လူငယ်ဖက်ရှင်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပြီး အတူလက်တွဲလုပ်ဆောင်နေကြသူလေးတွေလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း သူတို့ရဲ့ High Skool ဆိုင်က ဖက်ရှင်လေးတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ စုံတွဲပုံလေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

တစ်ယောက်ကိုတစ်ယောက် နားလည်ချစ်ခင်မှုလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားသလို ဂီတလောကမှာလည်း အောင်မြင်နေပြီး လွှမ်းပိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသနေတာလည်း ဖြစ်ပါတယ်..။

လတ်တလောမှာတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးရဲ့ စုံတွဲပုံအမိုက်စား ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Kan Su Ho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။