အွန်လိုင်းစတား ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ kylie Jenner နဲ့ Kendell Jenner တို့နှစ်ယောက်လုံး သူမတို့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ နယ်ပယ်တစ်ခုချင်းစီမှာ နာမည်ရအောင်မြင်လာခဲ့သူတွေဖြစ်ပြီး ညီမဖြစ်တဲ့kylie Jenner ကတော့ လက်ရှိမော်ဒယ်လ်လောကကနေ ခဏတာ အနားယူကာ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Kylie Cosmetics ရဲ့ (၁၀၀) ရာခိုင်နှုန်း၊ ရှယ်ယာရှင်တစ်ဦးတည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

kylie Jenner ကတော့ အမေရိကန်ဒေါ်လာ သန်း(၉၀၀) ဝန်းကျင် ချမ်းသာတဲ့ အသက်အငယ်ဆုံးနဲ့ အမျိုးသမီးမီလီနာတစ်ယောက်ဖြစ်လာခဲ့ပြီးအမဖြစ်သူ Kendell Jenner ကတော့ ကမ္ဘာအနုပညာကြေးအမြင့်ဆုံးမော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။kylie Jenner ကတော့ မေးရိုးနဲ့ နုတ်ခမ်းတွေကို ဆေးထိုးပြုပြင်ထားတာကြောင့် Kendell Jenner နဲ့ သိပ်ရုပ်မဆင်တူသလို ထင်ရပေမဲ့လည်း သူတို့နှစ်ဦးရဲ့ ငယ်ဘဝပုံလေးတွေကတော့ အတော်လေးဆင်တူပါတယ်။

လက်ရှိမှာ Kendell Jenner ကတော့ (၂၃)နှစ်ရှိပြီဖြစ်ပြီး kylie Jenner ကတော့ (၂၁)နှစ်ရှိပြီဖြစ်ပြီး သူတို့နှစ်ဦးရဲ့ လတ်တလောရျူတင်အမှတ်တရ ပုံရိပ်လေးတွေကို kylie က သူမရဲ့ Facebook အကောင့်ကနေ ပုံရိပ်လေးတွေပြန်လည်မျှဝေထားပါတယ်။ ရူတင်မှာ အမိုက်စားပိုစ့်လေးတွေ ပေးကြရင်း ရိုက်ကူးအပြီးအခွီလေးတွေ လုပ်ကြရင်းပျော်ရွှင်နေကြတဲ့ သူမတို့ ညီအမနှစ်ယောက်ရဲ့ Vdieoလေးကိုပါ ပရိသတ်များရှူ့စားကြည့်ကြပါဦးနော်..။

source : http://www.justjared.com; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။