အခုလက်ရှိ လူမှုကွန်ယက်မှာ လူတော်တော်များများ အသုံးပြုနေတဲ့ Tik Tok App မှာတော့ အနုပညာရှင်တွေရဲ့ ဟာသဇာတ်ဝင်ခန်းလေးတစ်ခုက ရေပန်းစားအောင်မြင်နေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးက " သရဲသင်္ဘော " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းလေးကိုတော့ မင်းသား ခန့်စည်သူနဲ့ မင်းသမီး ဆုအိမ့်စံတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

"သရဲသင်္ဘော" လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တစ်နိုင်ငံလုံးတွင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ကြတဲ့ ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက်၊ ဆုအိမ့်စံတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အခုလည်း ဆုအိမ့်စံက ရုံမတင်ခင်ကတည်းက လူကြိုက်များနေတဲ့ ဇာတ်ဝင်ခန်းဗီဒီယိုဖိုင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

ခန့်စည်သူနဲ့ ဆုအိမ့်စံတို့ရဲ့ "သရဲသင်္ဘော" က ဇာတ်ဝင်ခန်းဗီဒီယိုလေးက Tik Tok အသုံးပြုသူတွေကြားမှာ အရမ်းကိုအောင်မြင်နေတာ ဖြစ်ပါတယ်။ ကြည့်ရှုသူတိုင်း သဘောကျပြီး အူတက်အောင် ရယ်မောနေရတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုဖြစ်သလို ဒီဇာတ်ကားလေးကလည်း ထိတ်လန့်ရယ်မောနေဖွယ်ကောင်းတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခန့်စည်သူနဲ့ ဆုအိမ့်စံတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အခွီတလိုင်းဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Hsu Eaint San;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။