စပိန်ကလပ်အေတီကိုအသင်းက ချယ်လ်ဆီးလ်အသင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့် တိုက်စစ်မှူးမိုရာတာကို အဌားစာချုပ်ဖြင့်ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရပါသည်။ လက်ရှိတွင် အေတီကိုအသင်း၏ ဝါရင့်တိုက်စစ်မှူး ကော်စတာသည် ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူနေရပြီး အသင်း၏တိုက်စစ်ပိုင်းတွင် ဂရစ်ဇ်မန်းတစ်ဦးတည်းကိုသာ အဓိကအားကိုးနေရသည့်အတွက် မိုရာတာကို ခေါ်ယူရန် ပြင်ဆင်နေကြောင်းသိရသည်။

ချယ်လ်ဆီးလ်အသင်းက မိုရာတာကို အဌားချရန် ဆန္ဒမရှိပဲ အပြီးသတ်ရောင်းရန်သာ ဆန္ဒရှိသောကြောင့် အေတီကိုအသင်းက မိုရာတာကို ခေါ်ယူရန်ပြင်ဆင်နေဆဲ့ဖြစ်သော်လည်း ဆီဗီလာအသင်းကအဌားစာချုပ်ဖြင့်ခေါ်ယူရန် ကမ်းလှမ်းထားကြေင်း သိရသည်။ ဆီဗီလာအသင်းက အဌားစာချုပ်ဖြင့် ကာလတိုခေါ်ယူမှု အဆင်ပြေသွားပါက ရာသီကုန်တွင် အပြီးသတ်ခေါ်ယူသွားမည့် တူညီချက်ဖြင့် ကမ်းလှမ်းထားခြင်း ဖြစ်သည်။ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းမိုရာတာအနေဖြင့် အေတီကိုအသင်းထက် ဆီဗီလာအသင်းကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေကြောင်း သိရသည်။  

ဆီဗီလာအသင်းအားကစားသမား ဒါရိုက်တာ ဂျိုအာကွင်းက " ကျွန်တော်တို့အသင်းက မိုရာတာကို ခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။ ဒါပင်မဲ့ ဆွေးနွေးမှုက နည်းနည်းရှုပ်ထွေးနေပါတယ် " လို့ပြောကြားခဲ့သည်။ မိုရာတာအနေနဲ့ ဆီဗီလာအသင်းနှင့် ချယ်လ်ဆီးလ်အသင်းတို့ဆွေးနွေးနေမှုသည် တိုးတက်လာခြင်းမရှိသေးသည့်အတွက် အေတီကို အသင်းက ကြားဖြတ်ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။ ထို့အပြင် မေတီကိုအသင်းက မိုရာတာကို ကာလတိုအဌားစာချုပ်ဖြင့်ခေါ်ယူနိုင်ရေးကိုသာ ဦးစားပေးနေသည့်အတွက် အပြောင်းအရွှေ့ကိစ္စ အခက်အခဲရှိလာနိုင်ကြောင်းသိရသည်။

Source - Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။