ပရိတ်သတ်ကြီးရေ...အသားအရေဝင်းဝင်းလေးနဲ့ နှုတ်ခမ်းပါးထူထူကလေးကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်မင်းသမီးလေး ဘေဘီမောင်ဆိုတာပရိတ်သတ်ကြီးရဲ့ အသည်းကျော်လေးတစ်ယောက်ပါပဲနော်။ မြန်မာဆန်ဆန်လေးနဲ့လည်း အရမ်းလိုက်ဖက်သလို sexyကျကျဖက်ရှင်မျိုးနဲ့ ဆိုရင်လည်း တမျိုးတမည်ရင်ခုန်ဖို့ကောင်းတဲ့ အလှပိုင်ရှင်လေးပါနော်။

အခုနောက်ပိုင်းမှာဆိုရင် ပွဲလေးတွေတက်ဖြစ်နေပြီး အနုပညာခြေလှမ်းလေးတွေခပ်စိတ်စိတ်လှမ်းကာပရိတ်သတ်ကြီးအတွက်အရမ်းကိုပဲ ကြိုးစားနေခဲ့ပါတယ်နော်။ အခုလည်း မြဝတီရုပ်မြင်သံကြားဝန်းကြီးထဲမှာ ရိုက်ကူးရေးတွေလုပ်ပြီး ပရိတ်သတ်ကိုချပြနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။ အဲ့လို ပရိတ်သတ်ကြီးကိုအလေးထားတဲ့ သူမကိုလည်း ပရိတ်သတ်တွေကသဲသဲလှုပ်ချစ်ခင်အားပေးလျက်ရှိပါတယ်နော်။

သူမ မြဝတီရုပ်မြင်သံကြားဝန်းကြီးထဲမှာ ရိုက်ကူးရေးလုပ်နေစဉ်က အမှတ်တရ ရိုက်ထားခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ Facebook အကောင့်ကနေတစ်ဆင့် ပရိတ်သတ်ကြီးကိုမျှဝေပေးထားပြန်ပါတယ်။ ကြက်သွေးရောင် မြန်မာဝတ်စုံလေးပေါ်မှာ ပန်းပွင့်အကွက်လေးတွေကို အစီအရီနဲ့ပုံဖော်ထားပြီး အရမ်းကိုလှပတဲ့ဖက်ရှင်လေးနဲ့ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source: Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။