ပရိတ်သတ်ကြီးရေ တက်သစ်စမော်ဒယ်တစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ ယခုရက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။စူးရှထက်က အလန်းစားဓာတ်ပုံအလှလေးတွေကို ရိုက်ပြီး သူမရဲ့ အလှအပတွေကို ပရိတ်သတ်ကြီးကို ဖော်ပြနေကျဖြစ်ပါတယ်။စူးရှထက်က photo model တစ်ယောက်အဖြစ် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိသလို ဝေဖန်ပြောဆိုမှုတွေနဲ့လည်း ကြုံရပါတယ်။

စူးရှထက်က အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမယ့်လည်း မလျော့သောဇွဲနဲ့ လောကဓံကို ကြံ့ကြံ့ ခိုင်ရင်ဆိုင်နေတဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။စူးရှထက်က မိဘအပေါ်လည်း သူမရဲ့ အနုပညာကြေးလေးနဲ့ လုပ်ကျွေးနေတဲ့ သမီးအလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။သူမတစ်ယောက်တည်းရဲ့အားနဲ့ မိသားစုအပေါ် လိုလေစေ့မရှိအောင် ထားနိုင်တဲ့ စူးရှထက်ကတော့ ချီးကျူးစရာကောင်းတဲ့သူတစ်ယောက်ပါ။

အခုရက်ပိုင်းမှာတော့ စူးရှထက်က "အလုပ်တွေများ မိုးတွေမိ အစားတွေမစားနိုင် စားလို့ရတဲ့အချိန်ကြတော့ စားလိုက်တာ အစာအဆိပ်ဖြစ်တာနေမယ် အခုတော့အိပ်ယာထဲမှာ မထနိုင်သေးလို့ပါ အလုပ်တွေ ပြောထားတာတွေအတွက်တောင်းပန်ပါတယ်နော်နေကောင်းတာနဲ့ ပြန်လုပ်ပါ့မယ်"ဆိုပြီး သူမနေမကောင်းလို့ အနုပညာအလုပ်တွေရပ်နားထားရတဲ့အတွက် ပရိတ်သတ်ကို တောင်းပန်လိုက်ပါတယ်နော်။

Source:Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။