ပရိသတ်ကြီး အနုပညာလောကနဲ့ အချိန်အတော်ကြာ ဝေးကွာနေတဲ့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး ပြည့်ဖူးခိုင်ကတော့ အခုဆိုရင် သူမရဲ့ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်နော်..။

ပြည့်ပြည့်ဖူးဖူးလေးနဲ့ ချစ်စရာကောင်းတဲ့ သူမကတော့ ပရိသတ်တွေနဲ့ မတွေ့ဖြစ်တဲ့ အချိန်အတော်အတွင်းမှာလည်း ပိုပိုပြီး ချစ်စရာကောင်းလာသလို တစ်ချိန်က အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲနေရာယူထားတဲ့ နိုင်ငံကျော်မင်းသမီးချော ထက်ထက်မိုးဦးရဲ့ ကိုယ်ပွားလို့ ထင်မှတ်ရလောက်အောင် ရုပ်ချင်းဆင်နေတာလည်း တွေ့ရပါတယ်နော်..။

အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားထားပေမယ့် လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို အခမ်းအနားပွဲတော်ောတ်များများနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးပေးဖြစ်နေတာ တွေ့ရပါတယ်..။

အခုလက်တလောမှာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမော်လ်ဒယ် မင်းသားချောလေး တိုင်ရွန်နဲ့အတူ သတို့သား သတို့သမီးလေးတွေအဖြစ် ကြော်ငြာရိုက်ကူးနေပေးနေတာမို့ မင်္ဂလာမောင်နှံလေးတွေအဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။

မင်္ဂလာသတို့သား သတို့သမီးလေးတွေအဖြစ် လိုက်ဖက်ညီညီ သရုပ်ဆောင် ရိုက်ကူးပေးနေကြတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပြည့်ဖူးခိုင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ချစ်ရတဲ့ Myanmarload မှ ပရိသတ်တွေအတွက်လည်း သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးကြပါဦးနော်..။

Photo - ပြည့်ဖူးခိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။