ပရိတ်သတ်ကြီးရေ.... ရစ်လို့fanတွေကချစ်စနိုးခေါ်ကြတဲ့ ပရိတ်တွေရဲ့ အသည်းကျော် နွယ်နွယ်ထွန်းဟာ အကြမ်းစားဖက်ရှင် အမိုက်စားပုံစံတွေနဲ့ ပရိတ်သတ်တွေရဲ့ ရင်ခုန်သံတွေကို ခနခနသိမ်းယူသွားနိုင်သူလေးပဲဖြစ်ပါတယ်။ ညို့ချက်ပြင်းပြင်းအလှတွေကြောင့် ပုရိသ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

မို့မောက်တဲ့ သူမရဲ့ ခန္တာကိုယ်ကောက်ကြောင်းအလှတွေကို မကြာခဏဆိုသလို လှစ်ဟပြတဲ့ အဝတ်အစားလေးတွေနဲ့ သူမနဲ့လိုက်ဖက်တဲ့ sexyကျကျ ဖက်ရှင်လေးတွေကို ရွေးဝတ်လေ့ရှိပါတယ်။ အရမ်းမိုက်တဲ့ခန္တာကိုယ်အလှကြောင့် ပုရိသပရိတ်သတ်တွေတင်မကပါဘူး မိန်းကလေးပရိတ်သတ်တွေရဲ့ အားပေးမှုတွေကိုပါရရှိထားခဲ့ပါတယ်။

လတ်တလောမှာတော့ သူမဟာခရီးလေးတွေထွက်ဖြစ်နေပြီး သူမရဲလှုပ်ရှားမှုတော်တော်များများကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့facebookကနေပြီးတော့ သူမကိုချစ်တဲ့ပရိတ်သတ်ကြီးအတွက်တင်ပေးလေ့ရှိပါတယ်။အခုလည်းသူမ စင်္ကာပူနိုင်ငံကို သွားရောက်လည်ပတ်ခဲ့စဉ်ကအမိုက်စားရိုက်ထားခဲ့တဲ့ပုံရိပ်လေးတွေကိုမျှဝေထားပြန်ပါတယ်။ကဲ...ပရိတ်သတ်ကြီးရေ...sexyကျကျနဲ့လှပနေတဲ့ ရစ်ရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ပရိတ်သတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။