နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် အဆိုတော်ချောဟိန်းမင်းသူကိုတော့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။ မိန်းကလေး ပရိသတ်အများဆုံးရရှိထားတာဖြစ်ပြီး သရုပ်ဆောင်အဆိုတော်ချောလေးတစ်ယောက်ဖြစ်တဲ့ဟိန်းမင်းသူကိုတော့ မြန်မာဂျက်စတင်ဘီဘာလို့ ပရိသတ်တွေကတင်စားခေါ်ဝေါ်နေကြတာပဲဖြစ်ပါတယ်။

အဆိုတော် ဟိန်းမင်းသူကတော့ သီချင်းဆိုကောင်းရုံတင်မဟုတ်ပဲ သရုပ်ဆောင်ကောင်းတာဖြစ်ပြီး ပရိသတ်တွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ အပြုအမူလေးတွေကြောင့် ရေပန်းစားအောင်မြင်လာတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေအတွက် သီချင်းအသစ်လေးတွေကို ကိုယ်တိုင်ပြုလုပ်ဖန်တီးနေတာပဲဖြစ်ပါတယ်။

သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင် လည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဟိန်းမင်းသူဟာဆိုရင် ခန့်ခန့်ညားညား ဟန်ပန်မူရာတွေနဲ့ မိန်းကလေးပရိတ်သတ်ကြီးကို ညှို့ယူဖမ်းစားနေတာပဲဖြစ်ပါတယ်။ သို့ပရိသတ်......ဆိုပြီး နှင်းဆီပွင့်လေးတွေကိုင်ပြီး ပေးနေတဲ့အမူအရာက မိန်းကလေးပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခါသွားစေမှာ အမှန်ပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

source Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။