ယောက်ျားလေးပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ တရားစခန်းကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်တစ်နှစ်တာလုံးမှာ ဘယ်သူမှမဝတ်ဖူးတဲ့ အမိုက်စား၊ အကြမ်းစား ဖက်ရှင်တွေနဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာက ပရိသတ်တွေရဲ့ အာရုံကို အဖမ်းစားဆုံး အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာတော့ သင်ဇာက အရင်ကလောက် Sexy ဆန်ဆန်ဖက်ရှင်တွေ သိပ်မဝတ်တော့ဘဲ တည်ငြိမ်လာပြီ ဖြစ်ပါတယ်။

သူမကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သင်ဇာ့ကို ရိုးရိုးယဉ်ယဉ်လေးနဲ့ဖြစ်ဖြစ် အလန်းစားပုံစံတွေနဲ့ဖြစ်ဖြစ် ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက သူမရဲ့ပရိသတ်တွေ မြင်တွေ့စေချင်တဲ့အတိုင်း သုံးရက်တာတရားစခန်းကို ဝင်ရောက်နေပြီလို့ သိရပါတယ်။ သင်ဇာက သူမရဲ့ My Story ကနေတစ်ဆင့် တရားစခန်းကိုရောက်ရှိနေပြီ ဖြစ်ကြောင်း အားလုံးကို ဗီဒီယိုဖိုင်လေးနဲ့အတူ သက်သေပြထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သင်ဇာက မှော်ဘီမြို့နယ်၊ အောင်ဇမ္ဗူတောရ ရိပ်သာကောျင်းတိုက်မှာ တည်ငြိမ်အေးချမ်းစွာနဲ့ တရားစခန်း ဝင်ရောက်နေပြီပဲ ဖြစ်ပါတယ်။ ဒီသုံးရက်တာ တရားစခန်းအပြီးမှာတော့ သင်ဇာက သူမအနေနဲ့ ကမ်းခြေကို အလည်အပတ်သွားရောက်ဖို့ ရှိတယ်လို့လည်း တင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး သင်ဇာဝင့်ကျော်ရဲ့ တရားစခန်းရောက်ရှိနေတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။