ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ဘီယာချစ်သူတွေအတွက် လုံးဝကို သဘောကျသွားစေမယ့် သတင်းလေးတစ်ပုဒ်ပါ။ ဒါကတော့ ချက်ခ်နိုင်ငံမှာ ဖွင့်လှစ်ထားပီး လူတော်တော်များများလာရောက်လည်ပတ်ကာ နှစ်သက်သဘောသဘောကျနေတဲ့ ဘီယာSpa အကြောင်းပဲ ဖြစ်ပါတယ်။ ချက်(ခ်)ရီပက်ဘလစ် (Czech Republic) ဟာ ပြည်တွင်းဖြစ် ဘီယာ(Beer) နဲ့ ဝိုင်အရက်(Wine) တကယ့်ကို ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ချက်(ခ်)နိုင်ငံ၊ အနောက်ဘက် Bohemia မှာ အခြေစိုက်တဲ့ Karlovy Vary ခေါ်တဲ့ မြို့လေး တစ်မြို့ရှိပါတယ်။ ဒီမြို့လေးမှာ ရေပူစမ်း(hot spring) တွေ အများအပြား တည်ရှိတဲ့အပြင် ဘီယာရေ ချိုးလို့ရတဲ့ Beer Spa centers တွေလည်း များစွာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်ကြပြီး ချက်ခ်နိုင်ငံရဲ့ အထင်ကရ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်နေပါတယ် ။ Beer Spa centers တွေဟာ သူတို့ရဲ့ ဘီယာရေချိုးကန်တွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ထား ကြပါတယ်။

ကျန်းမာရေး သုတေသနပညာရှင်များရဲ့ အဆိုအရ ဘီယာရေချိုးတာဟာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ်မှ ဘေးအန္တရာယ်ဖြစ်စေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးကာ အကောင်းဆုံး ကုစားမှုကတော့ အိုမင်း ရင့်ရော်မှုကို လျော့ကျစေပြီး စိတ်ပျိုကိုယ်နု အရွယ်တင် နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။  

Source : lwanmapyay blog 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။