အိမ့်ချစ်တစ်ယောက် ကသာမြို့ကနေ ဗန်းမော်ကိုသွားတဲ့ ခရီးစဉ်လေးမှာ ရိုက်ကူးထားတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ နက်ပြာရောင်ရှပ်ကွက်အင်္ကျီလေးကို ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုကြည့်ကောင်းလွန်းနေပါတယ်။ သွယ်လျလျ ခန္ဓာကိုယ်လေးဟာ ဘယ်လိုအဝတ်အစားမျိုးနဲ့ပဲဖြစ်ဖြစ်လိုက်ဖက်လွန်းပြီး ညိုချောလေးတစ်ယောက်မို့ သူမရဲ့အလှဟာလည်း ကြာလေလှလေပါပဲ။ 

ဖခင်ဖြစ်သူရဲ့ခြေရာကို အပြည့်အဝနင်းနိုင်တဲ့ သမီးလိမ္မာလေးဖြစ်ပြီး ဂီတလမ်းကြောင်းပေါ်မှာလည်း နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိထားသူ တစ်ယောက်ပါပဲ။ မောင်ဖြစ်သူကိုလည်း လက်တွဲခေါ်ခဲ့ပြီး အဖေ့ခြေရာကို အပြည့်အဝနင်းမယ့် ဦးချစ်ကောင်းရဲ့ မျိုးဆက်တွေအဖြစ် ပရိသတ်တွေကို ဖျော်ဖြေတော့မှာပဲဖြစ်ပါတယ်။ Broken Family မှာ ကြီးပျင်းခဲ့ရသူဖြစ်ပေမယ့် သူမရဲ့ဘဝကို အကောင်းဆုံးကြိုးစားပြီး အောင်မြင်အောင် လုပ်ခဲ့ပုံလေးက တကယ်ကိုလေးစားအားကျချင်စရာကောင်းလွန်းပါတယ်။

သူမဘဝကိုအဆင်မပြေမှုတွေကြားက ရုန်းထွက်ခဲ့ပြီး မိခင်ဖြစ်သူနဲ့ မိသားစုကို အသက်ဆယ့်လေးနှစ်အရွယ်ကတည်းက ပြန်လည်ကြည့်ရှုခဲ့ပြီး လက်ရှိအချိန်မှာတော့အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်နဲ့ ဂီတလမ်းကြောင်းပေါ်မှာရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။ တစ်နေ့တခြား အလှတွေ တိုးတိုးလာတဲ့ အိမ့်ချစ်ရဲ့ လမ်းမထက်က အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။