မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းသည် အာရှယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ မယှဉ်ပြိုင်မီ ထိုင်းနိုင်ငံတွင် ထိုင်း ယူ - ၁၉ အမျိုးသမီးအသင်းအပါအဝင် အခြားကလပ်အသင်းများနှင့် ခြေစစ်ပွဲကစားရန် စီစဉ်ထားကြောင်း နည်းပြဒေါ်သက်သက်ဝင်းမှ ပြောကြားထားပါသည်။မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံတွင် တပတ်ကြာနေထိုင်ပြီး ခြေစမ်းပွဲများ ကစားရန် ပြင်ဆင်နေကြောင်း သိရသည်။ " ခြေစစ်ပွဲကစားမည့် ဧပြီလထဲမှာပဲထိုင်းနိုင်ငံကိုသွားပြီး ခြေစမ်းပွဲတွေကို ကစားမှာပါ။ ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းအပါအဝင် ထိုင်းအမျိုးသမီးကလပ်အသင်းတစ်ချို့နှင့် ခြေစမ်းပွဲတွေကစားဖို့ ရှိပါတယ် " လို့ဒေါ်သက်သက်ဝင်းကပြောကြားထားပါတယ်။  

အာရှယူ -၁၉ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာသင်းအပါအဝင် သြစတေးလျ၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား ၊ လက်ဘရွန် ၊ ဗီယက်နမ် ၊ အီရန် ၊ နီပေါအသင်းတို့ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲကို အသင်းရှစ်သင်းပါ အုပ်စုနှစ်ခုခွဲကာ ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စုနှစ်ခုမှ ထိပ်သင်းနှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

မြန်မာ ယူ - ၁၉ အမျုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲမယှဉ်ပြိုင်မီ မတ် ၂ရက်မှ ၆ ရက်အထိယှဉ်ပြိုင်မည့် ဂျပန်ဖိတ်ခေါ် Japan -ASEAN Youth Sports Exchange ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် အာဆီယံဒေသအတွင်းမှ မြန်မာအသင်းအပြင် ကမ္ဘောဒီးယား ၊ လာအို ၊ မလေးရှား ၊ စင်ကာပူ ၊ ထိုင်းနှင့် ဗီယက်နမ် ယူ - ၁၉ အမျိုးသမီးအသင်းများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရပါသည်။

Source - Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။