မိတ်ကပ်ပညာရှင်အဖြစ်နဲ့ ပရိသတ်တွေအသိမှတ်ပြုခြင်းခံထားရတဲ့ ညီညီမောင်တစ်ယောက် လတ်တလောမှာတော့ ညီညီမောင်(စမ်းချောင်း) တစ်ယောက် လတ်တလောမှာတော့ " ကျားကျား ကြိုက်ကြိုက် " ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ေ်နတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အားလုံးထက် ထူးခြားတဲ့ဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ နာမည်ကျော် မိတ်ကပ်ပညာရှင်တွေဖြစ်ပြီး ခင်စန်းဝင်း၊ လင်းလင်း၊ မထက်နဲ့ ညီညီမောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

အရင်ကနဲ့မတူတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး ပရိသတ်တွေက မရိုက်ခင်ကတည်းက အတော်လေးစိတ်ဝင်စားနေကြတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားတွေအဖြစ်နဲ့ မင်းမော်ကွန်းနဲ့ မြင့်မြတ်တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး ပရိသတ်တွေက ပါးစပ်မစေ့တမ်းရယ်ရမယ့် အမိုက်စားဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာ အသေအခာျပါပဲ။ ဒီနေ့မှာတော့ ညီညီမောင်တစ်ယောက် သူမတု့ိရဲ့ ရှုတင်ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

အရင်ကလည်း ဟာသ Video လေးတွေနဲ့ ပရိသတ်တွေကို ရယ်မောစေခဲ့သူတစ်ယောက်ဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ဘယ်လိုဟာသရသမြောက်အောင် ဖန်တီးကြမလည်းဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။ ဒီဇာတ်ကားလေးဟာ စတင်ရိုက်ကူးနေပြီဖြစ်ပြီး ပရိသတ်တွေရှေ့ကို ရောက်ရှိလာမယ့်အချိန်မှာတော့ ဖန်တီးမှုအလန်းစားတွေနဲ့လာမယ်ဆိုတာအသေအချာပါပဲ။ သုသုတို့ရဲ့ ရိုက်ကွင်းထက်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။