ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

ကျောက်ကပ်ကျောက်တည်းခြင်းနှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့် သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။

ကင်မလင်းပင်ပုံစံ-

ကင်မလင်းရွက်သည် သပြေရွက်နှင့်ဆင်တူ၍ အရောင်မှာ စိမ်းဝါရောနေပါသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အဝါရောင်သန်းနေပါသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းပါသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည် နေရာဒေသခပ်များများတွင် ပေါက်ရောက်လေ့ ရှိပါသည်။

ဆေးအဖြစ် အသုံးပြုပုံ-

ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်ပါသည်။

သည်းခြေတွင် ကျောက်တည်နေသူများလည်း စားသုံးပေးနိုင်သလို ရောဂါမရှိသူများလည်း ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေးပါက သည်းခြေကျောက်သည်ခြင်းမှ ကင်းဝေးစေပါသည်။

လူသားတိုင်း ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာကြပါစေ

ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ရိုးရာဆေးနည်းများ

စောနွဲ ့နေဆိုင် (ပူတာအို)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။