လူသားတွေအတွက် တစ်ကိုယ်ရည် ကျန်းမာရေးနဲ့ ပက်သက်ပြီး အချက်အလက်တွေကို စာရင်းပြုစုဖို့ တီထွင်ထားတဲ့ မိုဘိုင်း အယ်ပလီကေးရှင်း တစ်ခုဟာ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အင်တာနက်အပေါ်မှာ လူအများထံသို့ ပေါက်ကြားသွားစေနိုင်တဲ့ အတွက် စိုးရိမ်ဝေဖန်မှုတွေရှိနေကြပါတယ်။ဒီအယ်ပလီကေး၇ှင်းလေးရဲ့ နာမည်ကတော့ Stravaလို့ခေါ်ပါတယ်။ Strava အယ်ပလီကေးရှင်း ကို အသုံးပြုနေတဲ့ စစ်သားတွေထဲမှာ ဒီ အယ်ပလီကေးရှင်းကို သုံးတဲ့သူတွေလည်း ရှိပါတယ်။  

သူတို့တွေ ဟာ အစပိုင်းမှာ သတိမထားတတ်ပေမယ့် နောက်ပိုင်းဟာ စစ်သားတွေရောက်ရှိနေတဲ့ နေရာတေါကို ဖော်ပြပေးနေတဲ့မြေပုံ အချက်အလက်တေါကို အွန်လိုင်းမှာရှိတာကို သတိထားမိရာက အခုလို စိုးရိမ်ဝေဖန်မှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ Strava App ကို အသုံးပြုတဲ့ စစ်သားတွေဟာ ကိုယ်ကာယ လေ့ကျင့်ခန်း အနေနဲ့ ဘယ်နေရာကနေ ဘယ်ကို ပြေးလွှားကြတယ်၊ ဘယ်နေရာကနေ ဘယ် နေရာထိ စက်ဘီးစီးကြတယ် စတဲ့ လမ်းကြောင်းတွေကို အင်တာနက်ပေါ် တင်ခဲ့ကြပါတယ်။ အဲဒီ သတင်း အချက်အလက်တွေကို စုစည်းပြီး Strava App က အွန်လိုင်း မြေပုံ အနေနဲ့ ဖန်တီး ထားပါတယ်။ 

ဥပမာ- အာဖဂန်နစ္စတန် နိုင်ငံမှာ အခြေစိုက်ထားသမျှ အမေရိကန် စစ်စခန်းတွေထဲ အကြီးဆုံး ဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းက စစ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ မြေပုံမျိုးကို Strava App က အွန်လိုင်းပေါ် ဖော်ပြ လာပါတယ်။ ဒီလို အွန်လိုင်းမြေပုံ ထွက်လာတဲ့ အထဲ အာဖဂန် နစ္စတန်တင်မက က ဆီးရီးယားက စခန်းတည်ရာ နေရာတွေပါ ပါဝင် နေတဲ့ အတွက် အခု ဆိုရင် အဲဒီ Strava အွန်လိုင်း မြေပုံကို လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ် နေကြတယ် ဆိုပြီး အမေရိကန် စစ်တပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ ဆန်ဖရန်စစ္စကို မြို့ အခြေစိုက် Strava ကုမ္ပဏီက ထုတ်တဲ့ လက်ကိုင်ဖုန်းသုံး အပလီကေးရှင်းဟာ အသုံးပြုသူတွေရဲ့ ကိုယ်ကာယ လှုပ်ရှားမှုတွေကို ဂြိုဟ်တုတွေက တဆင့် ချိတ်ဆက်ထားတဲ့ GPS စံနစ်တွေကနေ တဆင့် မှတ်တမ်း တင်ပေးတာ ဖြစ်ပါတယ်။ Strava ကို အသုံးပြုသူ ကမ္ဘာတလွှား လူ ၂၇ သန်း ရှိနေပါတယ်။

Source : BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။